အရသာရှိတယ်

1.4K 80 21
                                    

အခန်း(၉၄)

" ခန့် မွေးနေ့တောင်ရောက်တော့မှာလား "

ယွန်း ပို့ထားသည့်စာကိုတွေ့မှ ဒီလထဲ ခန့် မွေးနေ့ရှိိ​နေတာကို Black သတိရသွားသည်။
ဒီရက်ပိုင်းအလုပ်တွေအရမ်းများနေသောကြောင့် သူငယ်ချင်းတွေနဲ့လည်းမတွေ့ခဲ့ရ။
ဇန်နဝါရီလ ငါးရက်နေ့ကျရင် ခန့် အိမ်မှာမွေး​နေ့ကိတ်ခွဲမယ် လာခဲ့ပါအုံး... လို့ယွန်း စာပို့ထားခဲ့တာ လွန်ခဲ့သည့်နှစ်ရက်လောက်ကတည်းက။

စာကိုတွေ့တာနောက်ကျပေမယ့် တော်သေးသည်က မွေးနေ့ရောက်ဖို့နှစ်ရက်လောက်ကလိုသေးသည်။

သူငယ်ချင်းများနှင့်စကားမပြောဖြစ်တာလည်းအတော်​လေးကြာနေပြီမို့ Black ကစာရိုက်ပြီး စာမပြန်တော့ဘဲ ယွန်း ၏ဖုန်းနံပါတ် ကိုသာနှိပ်ချလိုက်သည်။

" တီ...တီ "

" ဟလို Black "

" ယွန်းလား ဆောရီး ငါဒီရက်ပိုင်းအလုပ်များနေလို့စာမပြန်ဖြစ်တာ ခန့် မွေးနေ့ဆို "

" ဟုတ်တယ် ငါးရက်နေ့ ...ညနေပိုင်းလောက်မှလာခဲ့ပေါ့ နင်အလုပ်များနေမယ်ဆိုတာသိလို့ စာပဲပို့လိုက်တာ မအားရင်လည်းငါပြောလိုက်မယ်လေခန့်ကို "

" အားပါတယ် အဲဒီနေ့ကျရင်အချိန်မီလာခဲ့မယ် ခန့်ကိုလည်းပြောထားပေး "

ခန့် နဲ့မတွေ့ဖြစ်တာလည်း ကြာနေပြီမို့တစ်နှစ်မှတစ်ခါကြုံတွေ့ရသည့်မွေးနေ့ပွဲလေးကိုတော့သွားလိုက်ပါမယ်လို့ Black ဆုံးဖြတ်လိုက်သည်။

တမင်ရှောင်နေခဲ့တာမျိုးမဟုတ်ပေမယ့် အလုပ်လည်းရှိသွားပြီမို့ အဆက်အသွယ်က အကြာကြီးပြတ်သွားခဲ့သည်။

သူ့ဘက်က ခံစားချက်များကို ကိုယ့်ဘက်က ပြန်လည် မတုံ့ပြန်​ပေးနိုင်ပေမယ့် သူငယ်ချင်းကောင်း အနေနဲ့တော့ ရှိနေပေးနိုင်ပါသည်။

ပြီးတော့ထိုနေ့မှာ ခန့် နဲ့ကိုယ်နှစ်ယောက်ထဲရှိနေမှာမှမဟုတ်တာ။ခန့်၏မိသားစုဝင်များနှင့်
ယွန်းတို့မောင်နှစ်မနှစ်ယောက်ကပါရှိနေမှာ​ဖြစ်သည်။

ထို့ကြောင့် မျက်နှာပူစရာစကားတွေကိုလည်း ပြောဆိုဖြစ်မှာမဟုတ်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now