အခန်း(၇၀)
ကြားလိုက်ရသည့် အသံကြောင့် ဦးလေးနှစ်ယောက်စလုံး၏ မျက်နှာမှာဝင်းခနဲလက်ခနဲဖြစ်သွားခဲ့သည်။မဖြစ်လို့လည်းမရ...
ပုဆိုးက Black ၏ခါးမှာနေချင်ပုံမရသလို ကိုယ်တွေနှစ်ယောက်ဝတ်ပေးနေလို့လည်း ဒီတစ်သက်အဆင်ပြေမှာမဟုတ်။ဒီပုံစံအတိုင်းသာဆက်သွားနေရင် မပြီးပြတ်သေးတဲ့အောက်ကအလုပ်တွေဆီရောက်ဖြစ်တော့မှာမဟုတ်။ထို့ကြောင့်ကိုင်ထားသည့် ခါးပုံစကိုရောလျှော့တိလျှော့ရဲဖြစ်နေသည့် ခါးပတ်ပါးလေးကိုပါ ဦးလေးနှစ်ယောက်ကလက်လွှတ်လိုက်ပြီး...
" ဟား...အတော်ပဲငါ့တူရာ အောက်မှာ လုပ်စရာလေးတွေရှိနေသေးတယ်ကွ...ငါတို့မသွားရင် ဖေကြီးက ပြောတော့မှာ "
" ဦးသော် "
Black ၏ဆောင့်ကြီးအောင့်ကြီးခေါ်သံကို ဦးလေးနှစ်ယောက်စလုံးကအဖတ်မလုပ်။
ကော့ကလန်အောင် သုတ်ခြေတင်ဖို့ခြေလှမ်းကို ပြင်ထားလိုက်ပြီး..." ကျေးဇူးတင်တယ်နော် ငါ့တူ...ဟဲ...ဟဲ "
ဦးသော်က Dark ၏မြင့်မားလွန်းသောအရပ်ကို မမှီမကမ်းနှင့်ပုခုံးပုတ်ပြောပြီး...
" အပ်လိုက်ပြီနော်...သေချာလေးလုပ်ပေးလိုက် "
" ကျွီ... ! "
" ဒုန်း... ! "
ပိတ်သွားပြီးဖြစ်သည့်တံခါးကို Black ကမျက်မှောင်တွေကျုံ့ထားရင်းကကြည့်သည်။
အတိုင်အဖောက်တယ်ညီတဲ့ ညီအစ်ကိုတွေပဲ။
ကိုယ့်တူရဲ့မျက်နှာလေးကို တစ်ချက်တောင်ပြန်လှည့်ကြည့်ဖော်မရ။
ကိုယ်ကပဲ ဒုက္ခပေးနေသလားမှတ်တယ်။
ကိုယ့်ကိုမှပြန်ပြီး ကျဥ်းထဲကျပ်ထဲရောက်အောင် လုပ်နိုင်တဲ့ လူတွေလည်းရှိသေးသကိုးလို့တရားရသွားသည်။" ကျွတ်... ! "
နှုတ်ခမ်းထောင့်ကိုကိုက်ထားရင်းက သူနဲ့မျက်နှာချင်းမဆိုင်မိအောင် Black ကကုတင်နှင့်စာကြည့်စားပွဲဘက်သို့ ကိုယ်ကိုလှည့်ချလိုက်သည်။
မျက်လုံးထဲမှာတော့ခန့်ညားလွန်းသော သူ့ပုံရိပ်ကစွဲပါလာခဲ့တာဖြစ်သည်။
ပြင်သစ်မှာမွေးပြီး ပြင်သစ်မှာပဲကြီးလာခဲ့တယ်ဆိုတာယုံချင်စရာကိုမရှိ။
ယခုလိုပင် မနှစ်ကစေ့စပ်ပွဲမှာကတည်းက သူပုဆိုးဝတ်ကျွမ်းကျင်တာကို တွေ့ခဲ့ရပြီးဖြစ်သည်။ခြောက်ပေသုံးကျော်သည့် အရပ်အမောင်းကြီးမို့ ပုဆိုး၏အရှည်ကခြေမျက်စိအပေါ် အစပ်နားလောက်ထိသာရောက်သည်။
ထိုအခါဖွေးစွတ်သည့်ခြေဖမိုးသားကို နက်ပြာရောင်သမ်းသည့် ကတ္တီပါသည်းကြိုးအောက်၌ရှင်းလင်းစွာမြင်ခဲ့ရတာဖြစ်သည်။
YOU ARE READING
Dark's Black _ Season(2) *{Completed}*
Romance" Dark's Black " Season-(2) Start (02.8.2021) ✍ [Darkness's own creation]💯 A novel written with my heart.👨❤️👨 I created a new imaginary life for the two of them 📚