( 1 )

3.6K 277 76
                                    


( U )

" ရိပေါ်ရေ ! ပြဿနာတော့ တက်ပြီ ! "

ကျွန်တော့်ဆီကို အမောတကော ပြေး
လာတဲ့ ယွီပင်းရဲ့ မျက်နှာမှာ ဒဏ်ရာ ၊
ဒဏ်ချက်တွေက အပြည့် ။
သောက်လက်စ ပဲနို့ဘူးကို အမှိုက်ပုံး
ထဲ ပစ်ချလိုက်ပြီး ယွီပင်းရဲ့ နှုတ်ခမ်း
ထောင့်က သွေးစတွေကို သုတ်ပေးဖို့
ကျောပိုးအိတ်ထဲက တစ်ရှူးထုပ်ကုိ
ထုတ်လိုက်တယ် ။

" ဘာဖြစ်လာတာလဲ ! မင်းကို ဘယ်သူ
လုပ်လိုက်တာလဲ ! "

" ဘောလုံးကွင်းမှာ ငါတို့အသင်းထဲက
ကောင်တွေနဲ့ ရှောင်းကျန့်တို့ အုပ်စု
ချနေကြတာ ! ဝင်ဆွဲတော့ ငါ့ကို ထိုး
လွှတ်လိုက်တယ် ရှီးး ! "

ရှောင်းကျန့်နာမည် ကြားတာနဲ့
ကျွန်တော့်မျက်ခုံးတွေက အလိုလို
တွန့်ချိုးလိုက်မိပြီးသား ။ ရန်ဖြစ်ရတဲ့
အကြောင်းအရင်းကိုလည်း မေးကြည့်
စရာတောင် မလိုတော့ဘူး ။ မေဂျာ
ဘောလုံးပွဲမှာ သူတို့ IR ကို ကျွန်တော်တို့
E major ရှုံးပြီးကတည်းက သင်းတို့တွေ မြောက်‌ကြွမြောက်ကြွ ဖြစ်နေတာ သိ
တယ် ။ အခုလည်း ကျွန်တော်တို့ အသင်း
က ကောင်တွေကို မခံချင်အောင် စပြီး
သတ်ကြတာပဲနေမှာပေါ့ ။

ကျွန်တော် အံကြိတ်ပစ်လိုက်ပြီးမှ
စာအုပ်သိပ်မပါတဲ့ ကျောပိုးလွယ်အိတ်
ကို ယွီပင်းဆီ ပစ်ပေးလိုက်တယ် ။
အင်္ကျီလက်တွေကို ခေါက်တင်ပြီးတာနဲ့
ဘောလုံးကွင်းဘက် ပြေးသွားခဲ့လိုက်
တာ ခြေထောက်နဲ့ မြေကြီး ထိရဲ့လား
တောင် မသိ ။

" ဟျောင့်တွေ ရပ်တော့ ! "

ကျွန်တော့်အော်သံကြောင့် ဘောလုံးကွင်း
ထဲက ဆူညံသံ‌ေတွ တိခနဲ ရပ်သွားတယ်။
နပန်းလုံးနေကြတဲ့ ကောင်တွေကို လူချင်း
ဆွဲခွာပစ်လိုက်ပြီးမှ ကျွန်တော့် ရှေ့လာ
ရပ်တဲ့ အရိပ်ကို မော့ကြည့်မိတော့ မြင်
လိုက်ရသည့် ရိသဲ့သဲ့ သူ့အပြုံး ။

သူ့အင်္ကျီကော်လံစတွေကနေ ဆုပ်ကိုင်
ပစ်လိုက်တော့ ကျွန်တော်တို့ ဘေးမှာ
လူတွေ ရှဲကုန်ကြပြီ ။ ဘယ်သူမှ
ရန်ဆက်မဖြစ်ရဲကြတော့ ။ ရှောင်းကျန့်
နှင့် ဝမ်ရိပေါ် မျက်နှာချင်းဆိုင်လိုက်တာ
နဲ့ အကြောင်းသိတဲ့သူ တစ်ချို့ကလည်း
' သူတို့အချင်းချင်း ဖြစ်နေကျ ၊ သတ်
ကြပလေ့စေ ' ဆိုပြီး လွှတ်ထားပေးပုံ
ပါပဲ ။

ZERO °CWhere stories live. Discover now