( 10 )

1.4K 210 73
                                    


( U )

" ပင်ပန်းလိုက်တာ "

နောက်ခန်းမှာ အငြိမ်သား ထိုင်လိုက်လာ
ရတဲ့ ကျွန်တော်က ဖန်ကောတို့ကို အား
မနာဘဲ ထငြီးမိခြင်း ။

" အိမ်မှာက ညီမလေး ပြန်ရောက်နေ
တော့ မင်းတို့ နေရဝာာ မလွတ်လပ်မှာ
စိုးလို့  ။ အခုသွားမှာက ကိုယ်တို့
ခြံထဲက အိမ်လေ ။ ကိုယ် ပြန်လာတိုင်း
အဲ့ဒီမှာပဲ သွားနေဖြစ်တာ "

ကားမောင်းနေတဲ့ ရှောင်းကျန့်ကို ကော
က လမ်းပြရင်းနဲ့ စကားတွေ ပြောနေပေ
မဲ့ ကိုယ်ဝောာ်က ခေါင်းတစ်ချက် ညိတ်
ပြရုံ ။

" ကောတို့က ဒီဇာတိပဲလား ? "

ယွီပင်းက ကျွန်တော့်ပခုံးပေါ် ခေါင်း
မှီချလိုက်ရင်း ကောကို လှမ်းမေးတော့
နောက်ကြည့်မှန်က တဆင့် စူးစိုက်
ကြည့်လာတဲ့ မျက်ဝန်းတစ်စုံ ။

" မဟုတ်ဘူး ။ ဒယ်ဒီ မဆုံးခင်အထိ
ကိုယ်တုိ့မိသားစုက ယူနန်က ဟော်နန်း
မှာပဲ နေခဲ့ကြတာ ။ ညီမလေး ငါးနှစ်
အရွယ်လောက်ထိပေါ့ ။ ဒယ်ဒီဆုံးပြီး
နောက်ပိုင်း ဖေဖေက ကိုယ်တို့မောင်နှမ
ကို ဟော်နန်းက ခေါ်လာပြီး ဒီမှာပဲ
အခြေချခဲ့ဝာာလေ "

ဖန်ကောမှာ အဖေနှစ်ယောက် ရှိတဲ့
အကြောင်း ခုမှ သိရလို့ ကျွန်တော်တို့
အားလုံး အံ့ဩသွားကြပေမဲ့ ထူးဆန်း
တဲ့ မေးခွန်းတွေကို ထုတ်မ‌ေမးဖြစ်ပါ ။
ပေါက်ကရတွေ ပြောတတ်လွန်းတဲ့
ယွီပင်းတောင် ဖန်ကော ပြောပြသမျှ
ကို ငြိမ်ငြိမ်လေး နားထောင်ပေးနေ
တယ် ။

" ဖေဖေတို့အကြောင်း ပြောပြမယ် ။
နားထောင်မလား ? "

အဲဒါ ကျွန်ဝောာ့်ကို ဦးတည်ပြ‌ီး မေးလာ
တဲ့ မေးခွန်း ။ ဒါပေမဲ့ ကျွန်တော်တို့
အားလုံး ပြိုင်တူ ခေါင်းညိတ်ပြမိကြ
ဝာယ် ။

" ဖေဖေနဲ့ဒယ်ဒီက ကိုယ်တို့ကျောင်း
မှာပဲ တွေ့ဖြစ်ခဲ့ကြတာ ။ ဒယ်ဒီက
IR က ၊ ဖေဖေက E မေဂျာက ။
နှစ်ယောက်က တစ်ဆောင်တည်းမှာ
တစ်ခန်းတည်း တူတူနေခဲ့ကြတာတဲ့။
နှစ်ယောက်သား မတည့်ကြဘူး ၊
ရန်လဲ ခဏခဏ ဖြစ်တယ် ။ ဖေဖေက
ဆို ဒယ်ဒီ့ကို အရမ်းမုန်းခဲ့တာတဲ့ ။
နောက်ဝောာ့လဲ သူ မုန်းခဲ့တဲ့ ဒယ်ဒီ့
ကို အရမ်းချစ်သွားတာပါပဲ ။ ချစ်လွန်း
လို့လဲ ဒယ်ဒီ့နောက်ကို လိုက်ခဲ့တာ "

ZERO °CWhere stories live. Discover now