( 3 )

1.2K 217 18
                                    


( U )

" မင်း ပြောလိုက်.. ချန်ချန်း "

" မပြောရဲဘူးကွ .. ငါ့ကို ဆွဲထိုးမှာ
ကြောက်တယ် .. သူ့အားက သေး
တာ မဟုတ်ဘူး ! "

ကျွန်တော်တို့ နှစ်ယောက်ရဲ့ စကားသံက
ရှေ့ဆင့် နောက်ဆင့် ။ ကျွန်တော် ဖြစ်ချင်
တာဆို ချက်ချင်း ‌ဖြည့်ဆည်းပေးတဲ့
ချန်ချန်းတောင် သူ့ကြောင့်နဲ့ ငြင်းတတ်
နေပြီပေါ့ ။ ခုချိန်လောက်ဆို အတန်း
တက်နေမဲ့ သူ့ကို ကျွန်တော် မ‌ေကျမနပ်
နဲ့ ရန်လှမ်းတွေ့မိသွားတယ် ။
ဒီနေ့အတွက် ကျွန်တော့် စိတ်‌ေတွကလဲ ကြည်‌လင်နေမှာ မဟုတ်တော့ ။
အရှေ့က professorရဲ့ အခြေအနေကို
ကြည့်လိုက်မိတယ် ။ကျွန်တော်တို့ကို
ကြည့်မနေတာ သေချာမှ ချန်ချန်းရဲ့
ပခုံးကို တစ်ချက် ပစ်ထိုးမိပြီးသားပဲ ။

" ယွီပင်းကို သွားပြောခိုင်းလို့လဲ မရဘူး
.. ဘယ်လိုလုပ်ရပါ့.. "

ဟုတ်တယ် ။ ယွီပင်းက ကျွန်တော်တို့
နှစ်ယောက် မတည့်ဘူးလို့ပဲ သိတာ ။
ငယ်ငယ်လေးကတည်းက အိမ်ချင်း
ကပ်ရပ်နေခဲ့မှန်း သိသေးတာ မဟုတ်
ဘူး ။ သူ သိရင်လည်း မေးခွန်းတွေ
ထုတ်လို့ ပြီးမယ် မထင်ဘူး ။
အခုတောင် သူ အတန်းမတက်ဘဲ
ကန်တင်းရောက်နေလို့ ..ကျွန်တော်တုိ့
လွတ်လွတ်လပ်လပ် ပြောလို့ရနေတာ။ကျွန်တော်တို့ Bandထဲ ရှောင်းကျန့်
ရောက်လာရင်လည်း ယွီပင်းရဲ့
တုန့်ပြန်ချက်က ဘယ်လိုဖြစ်မလဲ
မတွေးရဲသေး ။

" ဒီလိုလုပ်ကွာ.. "

" အင်း.. "

ကျွန်တော်တုိ့ဘက် မျက်လုံးဝေ့ကြည့်
လာတဲ့ professor ကြောင့်  စာထဲ အာရုံ
ပြန်စိုက်လိုက်ရတယ် ။ အင်္ဂလိပ်စာ
မရလို့သာ Eမေဂျာ ယူလိုက်မိတာ ...
တကယ်တမ်းကျ အင်္ဂလိပ်စာလုံးလေး
တွေ မြင်တာနဲ့ ခေါင်းက မူးချင်နေပြီ ။
ပထမနှစ်တုန်းကရော.. အခုရော..
ကျက်ခဲ့ရတဲ့.. မှတ်ခဲ့ရတဲ့ အင်္ဂလိပ်စာ
တွေဟာ ကျောက်တုံးတွေသာ ဖြစ်မယ်
ဆိုရင် ကျွန်တော်ဖြင့် ပိသေတာ ကြာလှ
ပေါ့ ။

" အဲဒီတော့ မနက်ဖြန် presentation
ရှိပါမယ်.. ငါးယောက်တစ်ဖွဲ့ Group
ဖွဲ့ပြီး ကျွန်တော် ပေးလိုက်တဲ့ Short
Story အကြောင်း ဆွေးနွှေးခဲ့ပါ..
ပြီးရင် summary ရေးရပါမယ်..
ကဲ ဒါဆို ဒီနေ့တော့ ဒီလောက်ပါပဲ "

ZERO °CWhere stories live. Discover now