( 12 )

1.1K 153 14
                                    


( U )

[ ဘယ်မှာလဲ ]

[ Library ]

[ လာခဲ့မယ် ]

[ အတန်း မရှိဘူးလား ? ]

[ အင်း ။ ပေးစရာ ရှိလို့ ။ လာလို့ရလား ]

ရှောင်းကျန့်နဲ့  အပြန်အလှန် ပို့ထားတဲ့
မက်ဆေ့ခ်ျတွေကို နှစ်ခါ ၊ သုံးခါလောက်
ပြန်ဖတ်လိုက်ပြီးမှ ဖုန်းကို စားပွဲပေါ်
မှောက်တင်လိုက်တယ် ။ ရှောင်းကျန့်ကို
' လာလို့ ရပါတယ် ' ဆိုပြီး စာပြန်ပို့ချင်
ပေမဲ့  မဖြစ် ။ ကျွန်တော့်မှာ စာအတူ
လုပ်နေတဲ့ ချန်ချန်းနဲ့ ယွီပင်းတို့ရဲ့
မျက်နှာကို ကြည့်ရ‌ေသးတယ် ။ သူတို့
နှစ်ယောက်က ကျွန်တော်တို့ကို ဘာမှ
မပြောပေမဲ့လည်း အနေအထိုင် ဆင်ခြင်
ရတယ်လေ ။ သူတို့ရှေ့မှာ ခဏတိုင်း
တွေ့နေရင် အပြောက ခံရဦးမယ် ။

ပြီးတော့ ရှောင်းကျန့်က ရေကူးပြိုင်ပွဲ
ပြီးကတည်းက ကျောင်းမှာ အရမ်း နာမည်
ကြီးလာတာ ။ သူသွားတဲ့ နေရာတိုင်းမှာ
သူ့နောက်လိုက်တဲ့ လူတွေမှ အုပ်လိုက်ပဲ ။
သူ့သူငယ်ချင်းတွေဆို ရှောင်းကျန့်နဲ့ ခင်
ချင်လို့ လာပတ်သက်တဲ့ ကျောင်းသား
တစ်ချို့နဲ့ အဖွဲ့ကျနေပြီ ။ ရှောင်းကျန့်ကို
လက်ဆောင်‌ေတွ ပေး , ပေးရတာနဲ့ ။
ကျွန်တော့်ကိုလည်း ရှောင်းကျန့်နဲ့ ထူးထူး
ခြားခြား ပတ်သက်နေမှန်း မသိကြသေး
လို့ပါ ။ သိသွားကြရင်  ကျွန်တော် စိတ်ရှုပ်
ရဦးမှာ ။ ကျွန်တော်က စိတ်ရှုပ်မခံနုိင်တာ
ကြောင့် ရှောင်းကျန့်ကို ကျောင်းမှာ တွေ့ရင်တောင် ရှောင်သွားမိတယ် ။

ရှောင်းကျန့်‌ကတော့ ကျွန်တော် ဘယ်လို
ပဲ ရှောင်ရှောင် ရအောင် လာတွေ့တာပါပဲ ။
တစ်ခါတလေဆို ကျွန်တော် အတန်းမပြီး
မချင်း အခန်းရှေ့မှာ လာရပ်စောင့်နေတာ
အကြာကြီး ။ တစ်ယောက်တည်းတော့
မဟုတ် ။ ဟောက်ရွှမ်းကိုရော ခေါ်လာ
တယ် ။ ပြောရရင် ဟောက်ရွှမ်းက သူ့ရည်းစား ကျိရန်ကို  လာစောင့်ပါတယ်
လို့ လူကြားကောင်းအောင် ခေါင်းစဉ်
တပ်ပြီး ရှောင်းကျန့်က ကျွန်တော့်ကို
လာတွေ့ခြင်း ဖြစ်ပါတယ် ။ အဲဒီတော့
ကျွန်တော် သူ့ကို ရှောင်တာက အပိုတွေ
လုပ်နေသလိုမျိုး ဖြစ်သွားရတယ် ။

ZERO °CWhere stories live. Discover now