( 8 )

1.2K 211 58
                                    

( U )

အိမ်ပြန်ရောက်တာနဲ့ အရင်လို
အခန်းအောင်းပြီး ဂိမ်းမဆော့နိုင်ဘူး။
ကျောပိုးအိတ်ကို TVရှေ့က ဆိုဖာပေါ်
ပစ်ချပြီး အခန်းထဲ တန်းပြေးရတာ ။အဝတ်အစား ဗီရိုကို ဖွင့်ပြီး လိုမယ်
ထင်တဲ့ အဝတ်အစားတွေနဲ့ အနွေးထည်
တွေကို luggageထဲ အမြန် ထည့်လိုက်
တယ် ။ တောင်ပေါ်ဆိုတော့ အရမ်း
အေးမှာပဲ ။ ဗီရိုထောင့်မှာ သိမ်းထားတဲ့
ဘူးကို ထုတ်လိုက်တယ် ။ ဘူးထဲမှာ
အဖြူစွတ်စွတ် Beanie နဲ့ muffler က
တွဲရက်လေး ။ ပြီးတော့ အိမ်မြှောင်ရုပ်နဲ့
မြွေရုပ် ။  ရှောင်းကျန့်ဆီက ပထမဆုံး
ရခဲ့တဲ့ Christmas လက်ဆောင်ကို
ချောင်ထိုးထားခဲ့ပေမဲ့ သစ်လွင်နေတုန်း။

" ရိပေါ်ရေ.. မပြီးသေးဘူးလား ? "

တံခါးဝကနေ ခေါင်းလေး ဝင်ရင်း မေး
လာတဲ့ ချန်ချန်းကြောင့် အဲဒီဘူးကိုပါ
Luggageထဲ ထည့်လိုက်တယ် ။

" သွားကြမယ် .. " 

ကျွန်တော်တို့ နှစ်ယောက် မေမေနဲ့
ဖေဖေကို နှုတ်ဆက်တော့  လမ်းခရီးမှာ
ဂရုစိုက်ဖို့က လွဲရင် ကျန်တာ သိပ်မမှာ။
လူငယ်တွေချည်း သွားကြမှာ ဆိုပေမဲ့
အားလုံးက စိတ်ချရတဲ့သူပဲ မဟုတ်ပါ
လား  ။ ရှောင်းကျန့်ရော ပါနေလို့
ဖေဖေက မုန့်ဖိုးတောင် ထပ်ပေးလိုက်
သေးတယ် ။

ရှောင်းကျန့်က ခုထိ ပြန်မရောက်သေး
ပုံပါပဲ။ချန်ချန်းတို့ အဆောင်မှာ လူစုပြီး
မနက်အစော သွားကြမည့် အကြောင်း
စာပို့ထားတာကို သူ seen မပြသေးဘူး ။
သူ လေဆိပ်ကို ရောက်ရင်တော့
ဖုန်းဖွင့်ကြည့်လောက်မှာပါ ။ ကျွန်တော့်
မက်ဆေ့ခ်ျကို မဖတ်မိရင်လဲ မလိုက်နဲ့
ပေါ့လေ ။

ချန်ချန်းရဲ့ အဆောင်ကုိ ရောက်တော့
ကျွန်‌ေတာ်တုိ့ မေဂျာက ပထမနှစ်
ကလေးနှစ်ယောက်က အပြေး လာကြို
တယ် ။ လေးယောက် တစ်ခန်း နေရတဲ့
သူတို့က ကျွန်တော်နဲ့ ရှောင်းကျန့်အား
ခေါ်သိပ်ရမှာကို မငြိုငြင်ဘဲ ကြည်ဖြူ
နေတာ အံ့ဩစရာပါ ။ ချန်ချန်းကို
ကပ်မေးကြည့်မှ...

' အဆောင်မှူးကြောင့် ' ဆိုပြီး အဖြေရ
လာတယ်။အဆောင်မှာ တစ်ညအိပ်ခွင့်
ရတာလဲ အဆောင်မှူးက သဘော
ကောင်းလွန်းလို့တော့ မဟုတ်ဘူးတဲ့ ။
ဟွိုက်ခွမ်း‌‌ေကာရဲ့ စံချိန်ကုိ ချိုးပြီး
တရုတ်မှာ အမြှင့်ဆုံး စံချိန်ကို ရရှိထား
တဲ့ ကျောင်းရဲ့ ဂုဏ်ဆောင် ရှောင်းကျန့်
ကြောင့်တဲ့‌ေလ ။ ဒီအကြောင်းတွေကို
ရှောင်းကျန့်ကို ပုတ်ခတ်တဲ့ ဟိုတစ်
ယောက်သာ သိရင် ဘယ်လိုနေမလဲ
တွေးမိရသေးတယ် ။

ZERO °CWhere stories live. Discover now