( 4 )

1.2K 209 41
                                    


( U )

ဖုန်းဖွင့် , ဖွင့်ချင်း တောင်ခနဲ မြည်သံ
နှင့်အတူ noti barမှာ နေရာယူနေတာ
ဖန်ကောရဲ့ မက်ဆေ့ခ်ျ ။ ' မနက်ဖြန်
အားလား ရိပေါ် .. ကုိယ် မင်းကို
ကော်ဖီတိုက်ချင်လို့ပါ ' တဲ့ ။ ပထမ
တစ်ခါက ဖရဲသီး .. ဒီတစ်ခါ ကော်ဖီ။
အတည်ကြီးကို လိုက်ပိုးနေတော့တာ
ပါပဲ ။ ကျွန်တော့်မှာ မရယ်နိုင်တော့ ။ ‌တောင်ပေါ်သားကို သနားလာတယ် ။ ကျွန်တော် ခုကတည်းက
မငြင်းထားရင် နောက်ဆို ' သူ့ကို
မျှော်လင့်ချက်တွေပေးပြီးမှ ကိုယ်တိုင်
ရိုက်ချိုးခဲ့သလို ဖြစ်တော့မှာ ။ ရင်းနှီး
နေတဲ့ အစ်ကိုဆိုတော့ ဒီအခြေအနေ
ကြီးကို မျက်နှာလဲ ပူတယ် ။

* အားတယ် ကော.. ကျွန်တော်လဲ
ကောကို ပြောစရာ ရှိတယ် *

ကျွန်တော့်ဆီ ကော်ဖီဆိုင် တစ်ခု
ရဲ့ လိပ်စာကို  ပြန်ပို့ပေးလာတယ် ။
ဆိုင်လိပ်စာအရ ကျိရန်တစ်ယောက်
အချိန်ပိုင်း လုပ်နေတဲ့ ဆိုင်မှန်း
ကျွန်တော် သိလိုက်တယ် ။ ဖန်ကော
ကို ဘာစာမှ ပြန်မနေတော့ ။ မေမေ
ပြင်ပေးထားတဲ့ နေ့လယ်စာကိုပဲ
စားဖို့ ပြင်လိုက်တယ် ။

ထမင်းကို ဇွန်းနဲ့ အပြည့်ကော်ပြီး
ပါးစပ်ထဲထည့်နေရင်း စိတ်မလုံလို့
အရှေ့ကို ကြည့်မိတော့ ဖေဖေက
ကျွန်တော့်ကို ပြုံးစိစိနဲ့ ကြည့်နေတာ
များ..

" သိတယ်နော်.. "

" ဘာသိတာလဲ.. လျှောက်မပြောနဲ့နော်..
ကျွန်တော် ရည်းစားထားချင်စိတ် ရှိမ
နေဘူး.. "

" ဟုတ်လို့လား.. "

ဒီတစ်ခါ ကျွန်တော် ရင်ဆိုင်လိုက်ရတာ
ရယ်သံ‌ေတွ စွက်နေတဲ့ မေမေ့ရဲ့
အသံလေး ။ အခြေအနေအရဆို သိပ်
မကြာခင် အချိန်အတွင်းမှာ နှစ်ယောက်
သား ကျွန်တော့်ကို ဝိုင်းစကြတော့မှာ ။
ဖေဖေတို့ အကွက်ထဲ ဝင်လို့မဖြစ် ။
ကျွန်တော် စားလက်စ ထမင်းကို
အမြန်နှုန်းနဲ့ မြိုချနေတုန်းမှာပဲ
တစ်စွန်းတစ ကြားလိုက်ရတဲ့
ရှောင်မာမားရဲ့ ဆူပူသံ ။ ပြီးတော့
ငိုရှိုက်သံတွေက ကျယ်လာလိုက် ၊
တိုးသွားလိုက်နဲ့ ။

" ကလေးကို ဆူပြီး ငိုနေပြန်ပြီ ထင်
တယ်.. အစ်ကို ကျွန်မ ရှောင်ရှောင်း
ကို သွားခေါ်လိုက်ဦးမယ်.. "

ZERO °CWhere stories live. Discover now