( 11 )

1K 161 20
                                    


( U )

ပုံမှန်ဆို ကျွန်တော်က အတွေးလွန်တတ်
တဲ့သူမျိုး မဟုတ် ။ အခုတော့ ရှောင်းကျန့်
ကြောင့် ခေါင်းထဲမှာ အတွေးပေါင်း များ
စွာနဲ့ ရှုပ်ထွေးနေရပြီ ။  သူ ကျွန်တော့်ကို
လိုက်မယ်ဆိုတဲ့ စကားကို ယုံတစ်ဝက် ၊
မယုံတစ်ဝက် ဖြစ်နေတာကလည်း
သူကပဲ ပေါက်ကရတွေ စနောက်တတ်
လွန်းလို့လား ။ စိတ်ထဲမှာ တစ်မျိုးကြီး
ပဲ ။ ကျွန်တော့်မှာ သူ့ကို မေးချင်တဲ့
မေးခွန်းတွေ ရှိ‌ေနတယ် ။ များလွန်းလို့
ဘယ်ကနေ စမေးရမယ်မှန်း မသိ ။

" ရိပေါ် ! "

ကျွန်တော့်နာမည်ကို လှမ်းခေါ်တဲ့ အသံ
ကြားမှ ငုံ့ချထားတဲ့ ခေါင်းကို ဆတ်ခနဲ
ထောင်မိတယ် ။ ကျောပိုးလွယ်အိတ်ကို
ပြင်လွယ်လိုက်ပြီး ခေါ်တဲ့သူကို ကြည့်
လိုက်တော့ ကျွန်တော့်ကို ရပ်စောင့်နေ
တဲ့ ချန်ချန်း ။ ကျွန်တော် သက်ပြင်း
တစ်ချက် ရှိုက်လိုက်ရင်း  အပြေးလေး
သွားမိတယ် ။

" ရှောင်းကျန့်ရော မြန်မြန်လာ ! ငါတို့
ကျန်ခဲ့ဦးမယ် ! "

ချန်ချန်းက ရှောင်းကျန့်ကို လှမ်းအော်
ရင်း ကျွန်တော့်ပခုံးကို သိုင်းဖက်ပြီး ဆွဲ
ခေါ်တယ်။ကျွန်တော်တို့တွေ တောင်ပေါ်
ကို တက်ခဲ့လိုက်တာ အခုဆို ကော်ဖီခြံနဲ့
ဝေးဝေးကို ရောက်နေပြီ ။ ရှေ့ဆုံးကနေ
ခပ်သွက်သွက် သွားနေတဲ့ ဖန်ကောနောက်
ကို ယွီပင်းနဲ့ တခြားကောင်လေးတွေက
အမှီ လိုက်နိုင်ပေမဲ့ ကျွန်တော်တုိ့သံုး‌
‌ေယာက်ကတော့ လိပ်တွေလိုပဲ နှေးနှေး
လေး သွားနေတာ ဖြစ်တယ် ။

ချန်ချန်းနဲ့ ကျွန်တော်က သဘာဝရှူခင်း
လေးတွေကို ဓာတ်ပုံရိုက်လိုက် ၊ မောရင်
နားလိုက်နဲ့ ။ ရှောင်းကျန့်ကဝောာ့ ပုံမှန်‌ ‌
‌ေြခလှမ်းတွေနဲ့ပါပဲ။ကျွန်တော် အနောက်
ကို လှည့်ကြည့်လိုက်တိုင်း မနီးလွန်း
မဝေးလွန်းတဲ့ အကွာအဝေးမှာ သူ ရှိနေ
တယ် ။

" မနက်တုန်းက ဈေးထဲမှာ တွေ့ခဲ့တဲ့
ကောင်မလေး တော်တော်လှတယ်နော် ! "

" ဟုတ်လား ။ ငါဝောာ့ မသိ‌ေတာ့ဘူး "

မနက်က ကျွန်တော်တို့တွေ ဘွားယင်နဲ့
အတူ ဈေးကို လိုက်သွားတုန်းက ‌‌ေတွ့
ခဲ့တာ ဖြစ်မယ် ။ ယွီပင်းပြလို့ လိုက်ကြည့်
မိခဲ့တာ မှန်ပေမဲ့ အခုချိန်မှာ သူမရဲ့
မျက်နှာကို ကျွန်တော် မမှတ်မိတော့ ။

ZERO °CWhere stories live. Discover now