( 2 )

1.4K 227 33
                                    


( U )

"ကျိရန်က ကျောင်းစာတွေ မနိုင်လို့
ကျွန်တော်တို့ Bandထဲ မပါနိုင်တော့ဘူး
တဲ့ .. အဲဒါ တစ်ယောက် ထပ်ရွေးမှ ရ
မယ် "

ဂီတအခန်းထဲကို ဖန်ကော ဝင်လာတာနဲ့
သတင်းဆိုးကလည်း ပါလာပြီးသား ။
ကျွန်တော်နဲ့ ချန်ချန်းဆို တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ပြီး ဟင်ခနဲ၊
ဟာခနဲ ။ ကျောင်းတစ်ဖက်နဲ့ အလုပ် ,
လုပ်နေရတဲ့ ကျိရန်ကို နားလည်ပေးရ
မယ် ဆိုပေမဲ့ ကျွန်တော်တို့ အဖွဲ့လေး
ထဲ မရင်းနှီးတဲ့သူတွေကို မထည့်စေ
ချင် ။ တစ်ချို့လူသစ်တွေက ပေါင်းရ
တာ ခက်တယ် ။

" အဲ.. အစ်မ သဘောကျတဲ့တစ်ယောက်
တော့ ရှိတယ်..  IRက ရှောင်းကျန့်လေ..
မနှစ်က welcomeမှာတုန်းက
Witney ရဲ့ I have nothing ကို cover
ဆိုပြသွားတဲ့ ကောင်လေးလေ .. ဖန်
သိတယ်မဟုတ်လား ? အသံလေးက
ချိုနေတာပဲနော့ ... "

ကျွန်တော်တို့အဖွဲ့ထဲမှာ အစ်မကြီးလို
ဖြစ်နေတဲ့ နမ်နမ်ရဲ့ စကားကို ဖန်ကော
ကလည်း လက်မထောင်ပြလျက်
ထောက်ခံ‌ေပမဲ့ ကြားထဲကနေ ဆံပင်
မွှေးတွေ ထောင်တက်သွားသလို ခံစား
လိုက်ရတာက ကျွန်တော် ။ ချန်ချန်းကို
ကြည့်လိုက်တော့လည်း အီးမှန်ထားတဲ့
မျက်နှာနဲ့ ။ ကျွန်တော်တို့ကြားထဲ
ပြဿနာတွေရှိပါကြောင်း အစ်မနမ်နမ်
မသိလို့လား ? ဒါမှမဟုတ် သိရဲ့သားနဲ့
ကျွန်တော်တို့ကို...

" ရိပေါ်ရယ် .. ပထမနှစ်တုန်းကလည်း
တစ်နှစ်လံုး သတ်လာကြတာ.. အခု
ငြိမ်းချမ်းရေး ယူလိုက်ကြပါတော့
ကွာ .. နော် .. "

အပြောနဲ့ဆုိ ကျွန်တော်တို့ ကြားထဲ
ငြိမ်းချမ်းရေး ယူဖို့ လွယ်မှာပေါ့ ၊
လက်တွေ့မှာ ခက်တယ်ဆိုတာ အစ်မ
နမ်နမ်မှ မသိဘဲ ။ အဲဒါကြောင့်
ရှောင်းကျန့် Band ထဲ ရောက်မလာ
အောင် ကျွန်တော် ပြောမှ ‌ဖြစ်မယ် ။  

" သူ မအားလောက်ဘူး အစ်မ..
ဓာတ်ပုံအသင်းရော ၊ ဘောလုံးအသင်း
ရော သူ ဝင်ထားတာ၊ကျွန်တော်တို့ ဂီတအသင်းထဲ ထပ်ဝင်ရင် သူ စာလုပ်ချိန်
တောင် ရှိပါ့မလားနော်.. ဪ ပြီးတော့
ရှိသေးတယ် ... ရှောင်ရှောင်းက ညနေဆို
သူ့အဖေနဲ့ ရေကူးလေ့ကျင့်ရသေးတာ
..ရေကူးပြိုင်ပွဲတွေအတွက် အဆင်သင့်
ဖြစ်နေအောင်လို့တဲ့ .. ကျွန်တော်ဖြင့်
နားမလည်ပါဘူး.. ရှောင်ရှောင်းက
ရေကူးပြီးပြန်လာရင် ပင်ပန်းပြီး အိပ်
ပျော်သွားရော.. ညခုနှစ်နာရီလောက်
မှ ပြန်နိုးတာ.. "

ZERO °CWhere stories live. Discover now