( 9 )

1.1K 189 53
                                    


( U )

" ရိပေါ် .. နိုးပြီလား ? "

အခန်းတံခါးဖွင့်ပြီး ဝင်လာသော
ချန်ချန်းက အကုန် ပြင်ဆင်ပြီးနေပြီ ။
မနက်အစောကြီးမို့ ကောင်လေး
နှစ်ယောက်က အိပ်နေဆဲ ဖြစ်ပြီး
စာဂျပိုးဟာ သူ့ကုတင်မှာ တိုးတိုးလေး
စာကျက်နေပါတယ် ။

" ယွီပင်းရော "

" ရောက်နေပြီ "

" အင်း "

" ငါ မင်းကို နှိုးမလို့ဟာ.. ရှောင်းကျန့်က
အိပ်ပါစေဆိုလို့ .. "

ချန်ချန်းရဲ့ မျက်ဝန်းလေးတွေက
ရေချိုးခန်းတံခါးဆီကို ရွေ့သွားတာနှင့်
တစ်ပြိုင်နက် ရေကျသံတွေကိုပါ ကြား
လိုက်ရတယ် ။ ဒါဆို အခန်းထဲမှာ
ရှောင်းကျန့် ရှိနေသေးတာ‌ေပါ့လေ ။

" သူ ပြောတိုင်း မင်းက နားထောင်စရာ
လားကွ "

" ကြောက်တယ်လေကွာ "

ကျွန်ဝောာ် ဆူတော့ ချန်ချန်းက မျက်နှာ
ငယ်လေးနဲ့ ပြန်ဖြေတယ် ။ ကျွန်ဝောာ့်
သူငယ်ချင်းရဲ့ ဒုက္ခကလဲ မသေးပါဘူး။
ဟိုကဖြင့် ဘာမှလဲ ကြောက်စရာ
မကောင်းဘဲနဲ့ သူ့ခမျာ လန့်နေရတာ ။

" ငါ ယွီပင်းဆီ ပြန်သွားလိုက်ဦးမယ်။
  မင်း အေးဆေးလိုက်လာခဲ့ "

" အင်း အင်း "

ချန်ချန်း ထွက်သွားမှ အိပ်ရာက ထရပါ
တယ် ။ သူ ရေချိုးခန်းထဲက ထွက်လာ
မည့် အချိန်ကို ထိုင်စောင့်မနေချင်တာ
ကြောင့် ရေချိုးခန်း တံခါးရှေ့ သွားရပ်
မိတယ် ။ တံခါးနားကပ်ကာ အထဲက
အသံတွေကို နားစွင့်ဖို့ လုပ်နေတုန်း
ဝုန်းခနဲ ပွင့်လာတဲ့ တံခါးကြောင့်
ကျွန်ဝောာ့်မှာ ရှောင်ချိန်တောင် မရ
လိုက်ပါ။အရှိန်လွန်ပြီး သူ့ရင်ဘတ်မှာ
မျက်နှာသွားအပ်မိတော့တာပဲ ။

" မင်း ငါ့ကို လွှတ် ! "

ကျွန်ဝောာ် ရုန်းနေရပြီ ။ သူက လွှတ်
မပေးတဲ့အပြင် လက်မောင်းတွေ
ကြားမှာ အတင်း ညှပ်ထားတယ် ။
ကျွန်ဝောာ့်မျက်နှာနဲ့ နီးကပ်နေတာ
အဝတ်မဲ့နေတဲ့ သူ့ပခုံး ။ မနက်ခင်း
အစောကြီး အပေါ်ပိုင်း ဗလာနဲ့ သူက
လေဖြတ်ချင်နေပုံပါပဲ ။ ခါးထက်မှာ
တင်းကျပ်စွာ ဖက်ထားတဲ့ လက်တစ်
ဖက်ရဲ့ အေးစက်မှုကိုလဲ ခံစားနေရ
တယ် ။ ကျွန်တော် ထင်တာ မမှားနုိင်
ဘူး။အသန့်ကြိုက်လွန်းတဲ့ ကိုယ်ဝောာ်
က  ရေချိုးလာတာပဲ ဖြစ်ရမယ် ။

ZERO °CWhere stories live. Discover now