( 6 )

1.1K 198 17
                                    


( U )

မျက်လုံးတွေ ကြောင်ပြီး အိပ်မရ
တာကြောင့် နံရံပေါ်မှ နာရီလက်တံ
လှည့်ပတ်သံ တချပ်ချပ်ကိုသာ
နားထောင်နေမိတယ် ။ အိပ်မပျော်
ရခြင်းရဲ့ တရားခံက ဘာများလဲ ။
နေ့လယ်က ရှောင်းကျန့် ပြောလိုက်တဲ့
စကားတစ်ခွန်းကို ပြန်ကြားယောင်
မိတော့ ကျွန်တော့် မျက်လုံးတွေကို
စုံမှိတ်မိလိုက်ပါတယ် ။

' ဟေ့ .. ငါတို့အိမ်ရဲ့ မျက်စောင်းထိုး
အိမ်က ဦးလေးကြီးလေ.. ကား
accident ဖြစ်တာ ပွဲချင်းပြီးတဲ့ ..  '

အဲဒီစကားလုံးတွေဟာ နားထဲက
မထွက် ။ ကြက်သီးတွေ တဖျန်းဖျန်း
ထလာလို့ ခန္ဓာကိုယ်ကို စောင်နဲ့
လုံးထုပ်ပစ်ပြီး မျက်နှာလေးပဲ ဖော်
ထားလိုက်တယ်။သရဲက ခေါင်းမြီးခြုံ
အိပ်တဲ့သူတွေဆို ပိုခြောက်တယ်လို့ 
ရှောင်းကျန့်က ပြောဖူးတယ်လေ ။
ဟိုဦးလေးကြီးကလဲ အစိမ်းသေ
ဆိုတော့ ရပ်ကွက်ထဲ လျှောက်သွား
နေမှာ ပြောမရဘူး ။ အဝါရောင်
မီးမှိန်မှိန်နဲ့ အခန်းလေးထဲ
ကျွန်တော် ချွေးစေးတွေ ပြန်လာ
ပါတယ်။တစ်ကိုယ်လုံး ပူလောင်လာ
ပေမဲ့ ခြုံထားတဲ့ စောင်ကိုလဲ မဖယ်ရဲ ။

ရှောင်းကျန့်... ရှောင်းကျန့်‌ေကြာင့်..
သူသာ မပြောရင် ကျွန်တော် သိမှာ
မဟုတ် .. 

ရုတ်တရက် ဖုန်းမြည်သံကြောင့်
စောင်ပုံထဲမှ လက်တစ်ဖက် ထွက်ပြီး
ကုတင်ဘေးရှိ စားပွဲပေါ်က ဖုန်းကို
လှမ်းယူလိုက်ရတယ်။ညဆယ့်နှစ်နာရီ
ခွဲလောက်ကြီး ဖုန်းခေါ်တဲ့သူက
ဘယ်သူများ ဖြစ်မလဲ ? ဖုန်းသရဲ ဖြစ်နေ
ရင် ဒုက္ခပဲ ။ ခေါ်တဲ့သူကို ကြည့်လိုက်
တော့ ..

" ဟင် ရှောင်ရှောင်းပဲ.. "

သူ ဒီအချိန်ကြီး မအိပ်ဘဲ ဘာလုပ်နေ
တာလဲ ။ မနက်ဖြန်ကျ ရေကူးပြိုင်ပွဲ
အတွက် ရှန်ဟိုင်းကို သွားရမယ်‌ေလ။
ကျွန်တော် ဖုန်းကိုင်လိုက်တော့
သူ့ရယ်သံသဲ့သဲ့လေးကို လေလှိုင်းထဲမှ
တဆင့် ကြားလိုက်ရပါတယ် ။

' မင်းမေမေတို့ မသိအောင် အိမ်ရှေ့ကို
ထွက်လာခဲ့ဦး '

" လာလို့မရဘူး.. "

' ဘာလို့လဲ ? '

နူးညံ့ပြီး ချိုသာနေတဲ့ အသံလေးနဲ့
မေးလာတာမို့ ကျွန်တော့်မျက်လုံး‌ေတွ
ပြူးကျယ်သွားရတယ် ။

ZERO °CWhere stories live. Discover now