( 13 )

1.6K 174 32
                                    


( U )

ညက တော်တော်နဲ့ အိပ်မပျော် ။ အိပ်ရာ
ပေါ်မှာ ပက်လက်ကြီး လှဲပြီး ကိုယ့်နှုတ်ခမ်း
ကို  စမ်းကြည့်နေခဲ့မိတာ တစ်ညလုံးနီးပါး
ပဲ ။ အရူးလို ပြုံးမိလိုက် ၊ ကျွန်တော့် အခန်း
ထဲမှာ ဘယ်သူမှ  ရှိမနေမှန်း သိပေမဲ့ မလုံ
မလဲဖြစ်ပြီး မျက်နှာကို တည်ထားလိုက်ရ
နဲ့ ။ အိပ်လို့ မပျော်တဲ့ အဆုံး  ဂိမ်းထဆော့
တော့လည်း ရန်သူကို သူလို့ပဲ မြင်နေလို့
ရှုံးနေတဲ့ ပွဲ‌ေတွချည်း ။ ထူးဆန်းတာက
ဂိမ်းရှုံးတာတောင် စိတ်တိုမနေဘဲ ရင်ထဲ
မှာ ယားကျိယားကျိ ဖြစ်နေတာပါ ။

ညဉ့်နက်မှ အိပ်ပျော်ပြီး မနက် နိုးလာ
တော့လည်း ရေချိုးခန်းထဲက မှန်ထဲမှာ
ပြုံးနေတဲ့ ကိုယ့်မျက်နှာကို ပြန်မြင်နေရ
လို့ ပါးနှစ်ဖက်ကို တဖတ်ဖတ် ရိုက်မိသေး
တယ် ။  ကျွန်တော် ဘယ်လိုတွေ ဖြစ်နေ
မှန်းကို မသိတော့ပါ ။

ကို့ကိုယ်ကို သတိပြန်ကပ်အောင် အကြိမ်
ကြိမ် ထိန်းနေလည်း  မေမေတို့ ရှေ့မှာ
အမှားက လုပ်မိသေးတယ် ။ အဲဒါက
မနက်စာ စားနေတုန်း ဝတ်ထားတဲ့ အင်္ကျီ
ကုိ ပြန်ငုံ့ကြည့်မိပြီး သူ့မျက်လုံးထဲမှာ ရိုး
နေမယ် ထင်လို့ စားနေတာကို ရပ်ကာ
အခန်းထဲကို အင်္ကျီအပြေးသွားလဲမိတာ
ပါ ။ ရေမွှေးပါဆွတ်ပြီး ပြန်လာတော့မှ
မေမေက ကျွန်တော့်ကို မျက်မှောင်ကုတ်
ကြည့်နေမှန်း သိတာ ။

" ဘာတွေဖြစ်နေဝာာလဲ "

" ဟီး မေမေ "

ကျွန်တော် မျက်နှာချိုသွေးကာ ရယ်ပြ
လိုက်ပြီးမှ မနက်စာ ပြန်စားဖို့ ပြင်လိုက်ရ
တယ် ။ ပျာယာခတ်နေတဲ့ ကျွန်တော့်ကို
ကြည့်ပြီး ဖေဖေ ပြုံးနေချိန်မှာ မေမေက
တော့ မျက်မှောင်ကုတ် ကြည့်နေဆဲပါ ။

" ရည်းစားရနေပြီလား "

" အဟွတ် အဟွတ် ! "

" ဘယ်သူလဲ ။ ဘယ်ကလဲ ။ ဘာလုပ်
တာလဲ ။ ကေ‌ျာင်းသားပဲလား ။  "

" မရှိပါဘူး မေမေကလည်း ဘာတွေ
မေးနေတာလဲ "

" တို့တွေလည်း ငယ်ရာက ကြီးလာတာ
ပါ ဝမ်ရိပေါ်ရယ်  ။ ဒီလောက်ကတော့
ခန့်မှန်းကြည့်လို့ ရပါတယ် ။ "

You've reached the end of published parts.

⏰ Last updated: Dec 19, 2023 ⏰

Add this story to your Library to get notified about new parts!

ZERO °CWhere stories live. Discover now