( 7 )

1.1K 192 39
                                    


( U )

" သားအဖတွေ ဒီနေ့ အစောကြီး
   နိုးနေကြတာပဲ  "

မေမေ မနိုးလောက်သေးဘူး အထင်နဲ့
မီးဖို‌ေချာင်ထဲကို ခြေဖော့ပြီး ဝင်လာခဲ့
လိုက်မှ မေမေနဲ့ တည့်တည့်တိုးရတဲ့
အဖြစ် ။ ကြည့်ရတာ မေမေလဲ
ကျွန်တော့်လို ရေသောက်ဆင်းလာပြီး
မှ ပြန်မအိပ်ဖြစ်တော့ပုံပါ ။ ဘေစင်မှာ
ဆန်ဆေးရင်း တဝှါးဝှါး သမ်းနေတယ်။

" ဒီနေ့ မေဂျာတေွ စုပြီး အစည်းအဝေး
လုပ်ကြမယ်ဆို .. အစောကြီး သွားပြီး
ကူပေးရဦး မယ်မလား ? မနက်စာတော့
စားသွားဦးနော် "

ပြန်ဖြေသံ မကြားလို့ မေမေက လှည့်
ကြည့်လာတဲ့အခါ ရေတစ်ခွက်ကို
ဟန်ပြ သောက်လိုက်ရတယ် ။
အမှန်အတိုင်း ဝန်ခံရရင် မေမေ နဲ့
စကားမပြောချင် ။ ရှောင်းကျန့်ကို
ဝိုင်းပြောကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
ထုတ်မမေးဖို့လဲ ဆုံးဖြတ်ထားတယ် ။
ဘာလို့လဲဆိုတော့ ကျွန်တော်သာ
ထုတ်မေးလိုက်ရင် မေမေနဲ့ မာမားက
ရှောင်းကျန့်ကို ပိုပြီး အနိုင်ကျင့်ကြ
တော့မှာ။ဘာတွေ ထပ်ပြောကြဦးမလဲ
မသိ ။ ကျွန်တော် ရှောင်းကျန့်ကို
ဘယ်လိုပဲ အမြင်ကပ်‌ေနပါ‌ေစ..
ချုပ်ချယ်ခံရတဲ့ လူငယ်လေးတော့
မဖြစ်စေချင်ပါ ။

" သား ဘာဖြစ်နေဝာာလဲ ..? မျက်နှာလဲ
မကောင်းဘူး "

ကျွန်တော် မကြားချင်ယောင်ဆောင်ပြီး
အခန်းထဲ ပြန်လာခဲ့တော့ မေမေက
အနောက်ကနေ လိုက်လာပြန်တယ် ။

" သား မေမေ့ကို ဘာလို့ စကားမပြော
တာလဲ ? အစ်ကိုရေ... !!  "

ကျွန်တော် စောင်ခေါင်းမြီးခြုံပြီး အိပ်
ဖို့ ပြင်နေတုန်းမှာ မေမေက ဖေဖေ့ကို
စစ်ကူ လှမ်းခေါ်နေပြီ။သိပ်မကြာလိုက်။
‌နီးကပ်လာသော ခြေသံများ နှင့်အတူ
ကုတင်တစ်ဖက်ခြမ်းက ပိကျသွားတယ်။
ဖေဖေ ဝင်ထိုင်လိုက်ပုံပါပဲ ။

" ဟေ့ ဟေ့.. မင်း လုပ်စရာရှိတာ သွား
လုပ်တော့ .. ဒါ ယောကျာ်းလေးချင်း
ပြောရမဲ့ ကိစ္စပဲ နေမှာ "

" ဟုတ်.. ဟုတ် "

အခန်းထဲက မေမေ ထွက်သွားတာ
သေချာမှ ..

" မေမေနဲ့ မာမားလေ.. ရှောင်ရှောင်းကို
ဝိုင်းပြီး အနိုင်ကျင့်နေကြတယ် ဖေဖေ "

ZERO °CWhere stories live. Discover now