( 5 )

1.2K 212 22
                                    


( U )

လူအနည်းငယ် ရှုပ်နေတဲ့ ကော်ဖီဆိုင်
ထဲ ကျွန်တော် ရောက်တော့ ကျိရန်က
သူ့မူပိုင် အပြုံးချိုချိုနဲ့ လှမ်းနှုတ်ဆက်
တယ် ။ မေးငေါ့ ပြန်နှုတ်ဆက်လိုက်ပြီး
လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်တဲ့အခါ
ကော်ဖီဆိုင်ရဲ့ မှန်နံရံတွေက တဆင့်
လမ်းဘက်ကို မြင်ရတယ် ။ ခဏကြာ
တော့ ကျိရန်က ‌ကျွန်တော့်အတွက်
Mocha တစ်ခွက် လာချပေးပါတယ် ။

" ဘာစားချင်လဲ ? "

" စားချင်တာ ဝယ်ကျွေးမို့လား ? "

" အေးလေ.. "

ကျိရန်က ကျွန်တော့်ကို စကားပြောနေ
ရင်း ကောင်တာဘက်ဆီ လှည့်ကြည့် ၊
လှည့်ကြည့် ။

" မင်း အလုပ်ပြီးမှ သွားသောက်ရ
အောင် .. ဟိုကောင်တွေကိုပါ ခေါ်လိုက်
မယ် "

" အိုဂေးး..  "

ကျွန်တော်တို့နှစ်ယောက် လက်ဖဝါးချင်း
ရိုက်ပြီး သဘောတူညီမှု ယူပြီးတာနဲ့
ကျိရန်က ကောင်တာဘက် ခပ်သွက်သွက်
ပြန်လျှောက်သွားတယ် ။ သူ့ကို ကြည့်ရ
တာ တစ်ခုခုကို လျှိုထားချင်တဲ့ပုံပါပဲ ။
မသင်္ကာလို့ ကျွန်တော် လိုက်ကြည့်မိ
တော့ ကျိရန်ကို မှုန်တေတေ မျက်နှာပေး
နဲ့ ဆီးကြိုနေတဲ့ ဝမ်ဟောက်ရွှမ်းကို
တွေ့လိုက်ရတယ် ။

ကြည့်ရတာ ဟောက်ရွှမ်းတစ်‌ယောက် 
ကျွန်တော့်သူငယ်ချင်းကို အချိန်ပိုင်း
လုပ်တဲ့ နေရာအထိ လိုက်ပြီး အနိုင်
ကျင့်နေတာပဲ ဖြစ်ရမယ် ။ ကျွန်တော်
ရှိနေပါလျက်နဲ့  အဲ့လိုအဖြစ်မျိုး လုံးဝ
လက်မခံနိုင်ပါဘူး ။  သူတို့အနား သွား
ဖို့ ပြင်နေချိန်မှာပဲ ကျွန်တော့်မြင်ကွင်း
ရှေ့ ဖြတ်ဝင်လာတာ တောင်ပေါ်သား
ရဲ့ အပြုံးနွေးနွေး ။

" ရောက်နေတာ ကြာပြီလား ? "

" မကြာ‌ေသးပါဘူး.. ကျွန်တော်လဲ
ခုနကမှ ရောက်တာ .. "

ချိန်းထားတဲ့ အချိန်ထက် ကျွန်တော်က
ပိုစောပြီး ရောက်နေလို့  ဖန်ကောက
အားနာနေသယောင် ။   လည်ကုတ်ပိုး
ကို ပွတ်လျက် အရှက်ပြေ ပြုံးပြနေ
တယ် ။ ဖန်ကောအတွက် latteတစ်ခွက်
မှာပေးပြီးတော့ ကျွန်တော့်မှာ စကားစ
အမြန် ရှာရတယ် ။ 

ZERO °CWhere stories live. Discover now