Zawgyi
_______စနေနေ့ကျောင်းပိတ်ရက်မှာတော့နော်အောင်တစ်ယောက်အိပ်ရာပေါ်လူးလွန့်ကာ ပျင်းရိနေလေရဲ့။
"အား....ကျောင်းပိတ်တော့လဲ ပျင်းလိုက်တာ ဟိုကောင်တွေကိုခေါ်လိုက်ရမလားမဟုတ်ရင် အောက်ထပ်ဆင်းပြီးစားစရာရှာရမလား"
ခနအကြာတော့ နော်အောင်ရဲ့ ခြေလှမ်းတွေကသစ္စာရှိစွာမီးဖိုခန်းဆီသို့လျှောက်နေသည်။
"Kasha ဒီမှာခနလာပါအုံး ဘယ်သူလဲလာကြည့်"
သူစားစရာတွေစိတ်ကြိုက်မွှေနောက်နေတုန်းဧည့်ခန်းမှ
ANuရဲ့ခေါ်သံကြောင့် ဧည့်ခန်းထဲကိုဝင်လာခဲ့တယ်။
ကြည့်ရတာ ဧည့်သည် ရောက်လာပုံရမည်။မီးဖိုခန်းတံခါးဝကနေနော်အောင်လှမ်းကြည့်လိုက်တော့မြင်လိုက်ရ သည့်မျက်နှာကနော်အောင်ရဲ့အပြုံးကိုတောက်ပသွားစေသည်။"ဟင်! Nyi baဘယ်တုန်းကရောက်နေတာလဲ ဟီး...နေကောင်းလား"
မမြင်ရတာကြာပြီဖြစ်တဲ့ အမေ့သူငယ်ချင်း အန်တီဒေါ်ရိုင်ဇာပင် ပူတာအိုပြောင်းသွားတာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဒီကြားထဲတစ်ခါမှထပ်မတွေ့ရတာအခုချိန်ထိပင်။ခုလာလည်တာကိစ္စတစ်ခုခုရှိပုံရမည်။
"ကောင်းပါ့..အခုပဲရောက်လာတာ... .. ဒီကလေးဒီအရွယ်ရောက်နေပြီ "
သူ့ခေါင်းကိုကလေးလို့ပွတ်ရင်း စကားဆိုသောကြောင့်နော်အောင်နှုတ်ခမ်းတွေကိုစူပစ်လိုက်ပြီး...
" Nyi ba ကလဲkashaကလေးမဟုတ်တော့ပါဘူးဆို ခေါင်းပဲခနခနကိုင်နေတော့ပဲ"
ခေါင
"ဟား...ဟား ကောင်းရောသူများဇနီးကိုအော်နေတယ်ပေါ့ ""Sar baကလဲ.... "
"ဒါနဲ့ အရိုင် ရဲ့သားလေး ပါတယ်ဆို "
နော်အောင် သူ့အမေရဲ့စကားကြောင့်မျက်လုံးတွေအရောင်လက်သွားသည်။ သူငယ်ငယ်ကမှတ်မိသလောက်Nyiba တို့သားက ကျန်းမာရေးချူချာပြီးခနခနဖျားနေတာပင်အခုကော အရင်လိုပိန်ပိန်သေးသေးဖြစ်နေမလား..
"ဪသူကားရွေ့နေတာ ခနနေ၀င်လာလိမ့်မယ်.. ဟော် ပြောရင်းဆိုရင်းဝင်လာပြီ....စိုင်းသားလေး "မယ့်"ဆီလာ"
YOU ARE READING
Romanceကချင်ပြည်ကိုချစ်တယ် ကချင်ပြည်က ကချင်ကောင်လေးကိုပိုချစ်တယ် ♡ ကချင်ပြည်ကိုချစ်တယ် ကချင်ပြည်က ကချင်ကောင်လေးကိုပိုချစ်တယ် ♡ #Mwephaung 7.12.2021~2.2.2022