(Part-5)Zawgyi/Unicode
187 9 6
Zawgyi
----------
နောက်တစ်ရက် ထုံးစံအတိုင်း ခွန်းမြတ်မောင်တို့ကို အဆောင်ရှေ့ စီးတော်ယာဉ်နဲ့ သွားခေါ်ရသည်။
“ဝေ့....ငါအဆောင်ရှေ့က ခုံနားမှာစောင့်နေတယ်ဆင်းခဲ့တော့”
'၀င်ခဲ့လေ ဘာရပ်လုပ်နေတာလဲ'
“ရတယ် ”
'လာခဲ့ဒီမှာ အကိုခွန်းနော်နေမကောင်းဖြစ်နေတာ ဆေးကောဝယ်ခဲ့ပေးဦး'
“ဟမ်...သူနေမကောင်းဘူးလားခနစောင့်”
မြတ်မောင်သူ့ဖုန်းကိုတစ်ချက်မျက်မှောင်ကြုံ့ကြည့်ပြီး
"ဖုန်းချတာလဲမြန်လိုက်တာ"ဟု ရေရွက်မိတော့သည်။
ဒေါက်...ဒေါက်...
ချက်!
ကျွီ!
နော်အောင် အနီးနားက ဆိုင်မှာဆေးဝယ်ပြီးဆန်ပြုတ်ပတ်ရှာဝယ်ခဲ့ရသေးသည်။
သူတံခါးခေါက်လိုက်တော့ ပေါ်လာသည့်မျက်နှာ အတော်ပင်ချောင်ကျနေပြီ ဟိုမေဘေးက ဘယ်ရောက်နေပြီလဲ တံခါးလာမဖွင့်နိုင်ဘူး။
“နေမကောင်းဘူးဆိုဘာလို့ထနေတာလဲ ဘယ်သူမှမရှိဘူးလား”
သူတံခါး ခေါက်နေလို့ထဖွင့်တာကိုမျက်မှောင်ကြုံ့ ပြီး လူကိုဒေါသသံတွေနဲ့ပြောနေတာမေးခွန်းတွေကလဲတရပ်စက်
ဖြေဖို့အချိန်ပင်မရ။ခွန်းနော်စိတ်ပေါက်ပေါက်ပင်အော်ပြောလိုက်သည်။
“ဘာလို့အ့လောက်မေးနေတာလဲ”
“အဟမ်း...ဆန်ပြုတ်ဝယ်လာခဲ့တယ် မြတ်မောင်က အသေးလေးဖျားနေတယ် ဆိုလို့ ဟိုတစ်ယောက်က မရှိဘူးလား အခါတိုင်းကျကော်လိုကပ်နေပြီး”
အခန်းတံခါးကနေခေါင်းတစ်လုံးသာဝင်ပြီးအခန်းကိုလှည့်ပတ်ကြည့်ကာ တရစပ်မေးခွန်းတွေမေးနေလိုက်တာ။
“နေမကောင်းတာကို အနားနေပြီးစကားများနေလိုက်တော့ အေးချမ်းက ညကပဲ အရေးကြီးလို့သူ့အိမ်ပြန်သွားတာ..”
နဂိုကလူကသေးနေတာကို အခုနေမကောင်းဖြစ်နေတာ မျက်နှာပင်ချောင်ကျကုန်ပြီ။ နော်အောင်က. ကိုယ်သေးသေးလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေသည်။
“ကိုယ်တအားပူနေတာလား မှန်း....”
သူ့နဖူးကို လှမ်းကိုင်ဖို့ လုပ်နေသောရှေ့ကကောင်ကြောင့် သူအမြန်နောက်ဆုတ်လိုက်ပြီး