Zawgyi
=======သူနဲ့ နော်အောင် အရင်တစ်ပတ်ပိတ်ရက်က မြစ်ဆုံသွားလည်ခဲ့ပြီးဒီတစ်ပက်ပိတ်ရက်တော့
အင်းတော်ကြီး ရေလယ်ဘုရား ကိုသာလိုက်ပို့ခိုင်းဖို့ စဉ်းစားထားသည်။သူကတစ်ရက်ထဲ ပြန်လာလို့ရပေမဲ့ မိုးချုပ်မှာလဲ စိုးတာပင်။ ကျောင်းရောက်မှလူစုပြီးသွားလိုက်ဖို့မဲဆွယ်ရမည်။
နောက်တစ်နေ့ကျောင်းရောက်တော့သူတို့ဘွဲ့နှင်းဘဘင်ခန်းမရှေ့မှာအားလုံး ထိုင်နေကြပြီးခရီးသွားဖို့ တိုင်ပင်နေသည်။“နေစရာက စိတ်မပူနဲ့ အဲ့မှာငါ့အမျိုးအိမ်ရှိတယ်”
လီတားပြောလိုက်တော့ နန်းခမ်းယိမ်း က
“နင်တို့တွေကဘာလိုက်လုပ်မှာလဲ”
“ငါတို့လဲ စိတ်ဝင်စားလို့လေ”
“တော်ပြီ နောင့် မစနေနဲ့တော့ ဒါဆိုနက်ဖြန်စနေနေ့မှတ်လား မနက်စောစောသွားမယ် ဒါမှနေ့လည် လောက်တောင်ရောက်ချင်မှရောက်မှာ”
“ကျနော် တစ်ခါရောက်ဖူးတယ် ”
“ဟုတ်လား.... ”
ခွန်းမြတ်မောင်ကစကားဝိုင်းထဲဝင်ပြောလာတော့
ခွန်းနော် မှာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။“ပျော်ဖို့ကောင်လား”
“ပွဲတော်ရက်ဆိုလူပိုစည်ပြီးပျော်ဖို့ ကောင်းသေးတယ်”
“တော်ပြီမြတ်မောင် Tsaw ra ကနဂိုထဲက အ့ထဲစိတ်ရောက်နေပါတယ်ဆို မင်းပြောမှ ညအိပ်မပျော်ဖြစ်နေမယ်”
“ဟား... ဟား... ဟုတ်လား..
အကိုခွန်းနော်ကတအားချစ်ဖို့ ကောင်းတာပဲ”“ဟေး... သေချင်နေတာလား မြတ်မောင်”
မြတ်မောင် တအားပိုနေတဲ့ နော်အောင်ကို နှာခေါင်းရှုံ့လိုက်ပြီးသူ့ဘေးနားထိုင်နေတဲ့အကိုခွန်းနော်လက်မောင်းကိုကိုင်လိုက်ြပီး ပုခုံးကိုမှီကာ
“အကိုခွန်းနော်က ကျနော့်ကိုချစ်တယ်မှတ်လား”
“လူကြားထဲ ငါမဆဲချင်ဘူးနော် မြတ်မောင် မညယ်...
သူ့လက်ကိုလွှတ်လိုက်”မဆဲချင်ဘူးဆိုပြီးဆဲလိုက်တဲ့ နော်အောင်ပါပင်။ မြတ်မောင်ဆူပုတ်ပုတ်နဲ့ လက်ကိုလွှတ်လိုက်တော့ ခွန်းနော် သဘောတကျရယ်မောမိသည်။
YOU ARE READING
Romanceကချင်ပြည်ကိုချစ်တယ် ကချင်ပြည်က ကချင်ကောင်လေးကိုပိုချစ်တယ် ♡ ကချင်ပြည်ကိုချစ်တယ် ကချင်ပြည်က ကချင်ကောင်လေးကိုပိုချစ်တယ် ♡ #Mwephaung 7.12.2021~2.2.2022