(Part-26)Zawgyi/ Unicode
162 3 0
Zawgyi
======
ဘာလိုလိုနဲ့ သူနဲ့နော်ဒူအောင်တွဲနေတာ၁ပတ်ပြည့်ခဲ့ပြီ
ကြားထဲလဲသူ့ရဲ့ဟိုဟာမလုပ်နဲ့ဒီဟာနဲ့ ဆို တဲ့သ၀န်တိုမှူပေါင်းချုပ်တွေလဲတွေ့ရသေး
ပြီးတော့ပြောသေးတယ်
"ပိတ်ရက်တိုင်းကျနော်တို့ ချိန်းတွေ့ကြမလား Tsaw ra"
တဲ့ ခနခနတွေ့နေရတာကိုသူမို့လို့ အချိန်တိုင်းအနားကပ်ချင်နေတယ်။
"နေနဲနဲပူလာပြီလေ နော် ငါဒီအနွေးထည်ကိုမ၀တ်လို့  ရမလားဟင်"
"ဘာကိုမ၀တ်တာလဲဟမ်!! တစ်ခါလေးအပြင်ထွက်တာ ၁ပတ်ဖျားသွားတာဘယ်သူလဲ!! ပြောသလိုမလုပ်ရင်အပြင်ထွက်ရမယ် မထင်နဲ့ !!!"
အမှန်ပါပဲ First dateပြီးနောက်နေ့ သူ့ကောင်လေးစဖျားတော့တာပဲ နေမကောင်းခနခနဖြစ်တက်မှန်းသိပေမဲ့ ဒီလောက်ထိ ဖြစ်သွားမှာမထင်ထားမိ။ ပူတယ်လို့ပြောပြီး
မြစ်နားထိုင်ချင်တယ်ဆိုလို့ လဲ မြစ်နား ခနသွားထိုင်ခိုင်းတော့ လေတွေပါတိုက်ပြီး ဖျားရော ။အခုတော့အ၀တ်စားဝတ်နေတာ စောင့်ကြည့်နေရတယ်။
"တစ်ခါလေးအပြင်ထွက်ပါတယ် Tsaw raအသားတွေ တောင်ညိုသွားပြီ"
ခွန်းနော် မျက်နှာဆူပုတ်သွားပြွး
"အဲ့တော့မင်းက မချစ်ဘူးလား!!!"
"အယ်... ပြောမိလို့လား Tsaw ra ဘယ်လိုဖြစ်ဖြစ်ချစ်မှာပဲ နို့ဖြူလုံးလေးလိုဖြစ်လဲ ချစ်မှာပဲ
ချောကလက်တုံးလေးလိုဖြစ်လဲချစ်မှာပဲ"
"ဟွန့်.... သတိထားနေနော် တစ်ခုခုဆိုအသေပဲ"
"အင်းပါ... Tsaw ra
ဒါနဲ့ စောင်က မပါးဘူးလား"
နော်အောင်  ခွန်းနော်ရဲ့နှာခေါင်းကိုညှစ်ပြီး
ခေါက်ထားတဲ့ စောင်ကိုမ, ကာပြောလိုက်ခြင်းပင်။
"ငါသိမ်းထားပြီကိုဘယ်လိုလုပ်နေတာလဲ စောင်က မပါးပါဘူးမင်းမျက်လုံးမကောင်းတော့ဘူးလား"
"ညဆိုအေးနေတာကို"
"ရပါတယ်... မအေးပါဘူး မင်းကလဲ"
"အော်.. ဒီနေ့မြို့ထဲပတ်မလား "
နော်အောင် Tsaw ra အနွေးထည်ကိုကြယ်သီးတပ်ပေးရင်းဆိုနေသည်။