(Part-22) Zawgyi /Unicode
150 3 2
Zawgyi
======
နွန်ဖ အကိုခွန်းနော် ကိုမျက်နှာပူပူနှင့်ပင် အခန်းပြောင်းမည့်အကြောင်းပြောလိုက်ရသေးသည်။
ဟိုကတော့သူ့ကုတင်ပေါ်မှာ ဂိမ်းဆော့ရင်းသာနေနေတယ် အိပ်ယာခင်းတွေလဲအကုန်သူပဲအသစ်တွေဝယ်ခဲ့တာပင်။
“ဆွတ်နောင်”
“အင်း... ပြောလေအသဲလေး! ”
ဂိမ်းဆော့နေရင်းကောင်းကိုမေးဆတ်ပြလာသည်။ခုချိနိထိနွန်ဖပြောမည့်စကားကိုအရေးစိုက်ပုံမရ
“အကိုခွန်းနော်ကလေ နော်ဒူအောင်ကိုကြိုက်နေတာလား”
“မသိဘူးလေ အဟင်း... တအားတွေစပ်စုနေတယ်ပေါ့ ဟုတ်လား ”
“မဟုတ်... မဟုတ်ဘူး ငါ့နားမကပ်နဲ့!! သိမ်းစရာရှိသေးတယ်”
“ခနနေကိုယ်သိမ်းကူမယ်လေ အဟင်း!”
“အ့... မလုပ်နဲ့ဟ့... ယား... တယ်လို့ အဟားဟား... ”
သူ့နှုတ်ခမ်းမွှေးတွေသေချာမရိတ်ပဲ မျက်နှာကို လာပွတ်ဆွဲနေတယ်။
“နာ. တယ်. လို့ မျက်နှာတွေပူနေပြီ”
“အင်းပါ ရွှက်!! မွှေးနေတာပဲ လုပ်စရာရှိတာလုပ် ကိုယ်ဒီချိုချဉ်ဂိမ်းလေးဆော့အုံးမယ်”
“အင်းဆော့တာလဲဆော့ ခနလဲနားအုံး
“ဟုတ်ကဲ့ပါ ခင်ဗျာ”
*******
“အသေးလေး”
“ဘာလဲ...! မင်းငါ့အခန်းထဲဝင်လာထဲကငါ့ကိုခေါ်နေတာ ဘာပြောမှာလဲ”
“ဟွန့်.... ငြိုငြင်နေတာလား”
“အယ်...”
“ကျနော့်သူငယ်ချင်းတွေကလဲအဆင်ပြေနေပြီတော့ ကျနော် အကို့ ကို ပြန်ပိုးလို့ ရပြီမှတ်လား”
နော်ဒူအောင် တအားတွေယဉ်ကျေးနေပါလား။
ဘာတွေဖြစ်နေတာလဲ
“မင်းလုပ်ချင်တာပဲ လုပ်မှာပဲကို ဘာလို့  ငါ့ကိုလာမေးနေတာလဲ”
“ဘာလို့ လူကိုတစ်ကိုယ်ကောင်းဆန်တဲ့
လူလိုပဲပြောဆိုနေရတာလဲ!!!! ”
“မဟုတ်လို့လား”
“ခင်များ..!!! ”
“အင့်...  မကိုက်... အ့... ဟ့!! ဖြန်း!! ”