(Part-7) Zawgyi/Unicode
163 7 5
Zawgyi
=====
“ဟုတ်တယ်ဟယ် ငါတကယ်တွေ့ လိုက်တာ”
“ငါမမြင်လိုက်ရတာ ဆိုးလိုက်တာ အဆိုင်းရယ်”
“ဟုတ်ပါ့... ဟီး”
နော်ဒူအောင် ကန်တင်းထဲဝင်လာတော့
မျက်နှာမအီမသာနဲ့ထိုင်နေကြတဲ့သုံးကောင်ကိုတွေ့လိုက်ရတယ်။အီးမှန်တွေနဲ့မျက်နှာတွေနဲ့ထိုင်နေကြတာဘာတွေစိတ်အလိုမကျဖြစ်နေမှန်းလဲမသိပါ
“ဘာဖြစ်တာလဲ  ဖူလီတားနင်တို့မျက်နှာတွေက”
နော်ဒူအောင် စားပွဲပေါ်ချထားသည့်အချိုရည်ဗူး ကိုလှမ်းယူကာပြောလိုက်တော့ ဖူလီတားကရှေ့ကနန်းယိမ်းနဲ့ ဂျာဆိုင်းကိုမေးငေါ့ပြကာပြောလာခဲ့တယ်။
“ဒီမှာလေ ဒီနှစ်ယောက်ရောက်လာထဲ ကဘာတွေပြောနေမှန်းမသိဘူး ”
ဖူလီတားရဲ့စိတ်ပျက်နေတဲ့ဖြေသံကြောင့်မြတ်မောင်ကနောက်ကဆက်ပြောလိုသည်။
“မနက်ငါတို့နဲ့ ကျောင်းလာတော့ လမ်းမှာကောင်လေးနှစ်ယောက် အတူတွဲလာတာမြင်တော့  ပြောနေကြတာ မဆုံးဘူး”
“အေ့လေကွာ လက်လေးကိုင်ထားကြတာ ထူးဆန်းတာမှတ်လို့ယောက်ျားလေးတွေအချင်းချင်းလက်ကိုင်ပခုံးဖက်လမ်းလျောက်ကြတာဆန်းသလား”
ဆွတ်နောင်ကတော့ ထပ်ဆင့်ကဲကာရှင်ပြနေပြန်သည်။
“ဟဲ့ ဆွတ်နောင်ပါးစပ်ပိတ်ထား ငါကတွေသမျှပေးစားနေတာလဲမဟုတ်ဘူး  ဒီတိုင်းငါ မြင်တာကိုပြောပြနေတာလေ”
ဂျာဆိုင်းကဆွတ်နောင်ရဲ့လက်ကိုဖတ်ခနဲတစ်ချက်ပြောလိုက်သည်။
“အင်းပါ ငါ့အမှားပါ အဆိုင်းရယ်  ဒါနဲ့  ..အန်တီကောနေကောင်း ပြီလား”
ဆွတ်နောင် နော်အောင်ရဲ့ အမေနေမကောင်းဘူးလို့ကြားထားတာကြောင့်မေးလိုက်ခြင်းပင်။
“ANu ကလားနေကောင်းပါပြီ နင်တို့ကိုတောင် စိတ်မပူဖို့မှာ  လိုက်သေးတယ်”
“ကောင်းတယ်.... တော်သေးတာပေါ့ အမြန်သက်သာလို့ ဆေးလေးလဲ သေချာသောက်ခိုင်းအုံးကြားလား”
“သိပါတယ် ရှမ်းမရယ်  ”
“ဒါဆိုညနေမှအားလုံးစုပြီးသွားကြတာပေါ့ ”