(Part-20) Zawgyi /Unicode
171 4 2
Zawgyi
======
"နေကောင်းပြီလား”
“သိပ်.. သိပ်ကောင်း”
“ငါသိတယ်နော် သူငယ်ချင်းတွေဒီလောက်များနေတာ ဘာလို့သူ့ကိုမှ ခေါ်တာလဲ”
မနေ့ကလီတားပြောပြလို့ နော်အောင် အားလုံးသိပြီးပြီဖြစ်တယ်။ဒီကောင်လူလည်တအားကျတာပဲ။
သူငယ်ချင်းတွေကလဲသူ့ကိုသာမကူညီချင်ကြတာ တကယ်ကောင်းတဲ့ကောင်တွေ။
“ငါညနေသူ့ကိုအိမ်ခေါ်ရမှာ ANuက အိမ်ထမင်းစားခေါ်လိုက်လို့”
“မိုက်လှချည်လား အဆင်ပြေပြီပေါ့”
“နည်းနည်းပေါ့ပြေပြီပြောရမယ်ထင်တာပဲ အရင်လိုတော့ခါးခါးသီးသီးတအားမငြင်းတော့ပါဘူး”
“မြန်မြန်အဆင်ပြေအောင်လုပ်စမ်းပါ ငါအသေးလေးကိုလွမ်းလှပြီ”
“ငါကမင်းထက်တောင်ပိုအဆင်ပြေချင်သေး”
တူ... တူ...
ဆွတ်နောင်အိတ်ထဲကသူ့ဖုန်း တုန်သံကြောင့် ထုတ်ကြည့်လိုက်ပြီ ခေါ်တဲ့သူကြည့်လိုက်တော့လီတား
“ဝေ့... ဘာလဲ”
'အပြင်မှာလား'
“အေး မင်းကော ငါ့အိမ်ရောက်နေပြီလား”
'ငါအ့တာပြောမလိုငါမနက်ဖြန်မနက်မှပဲပြန်လာတော့မယ်လို့'
“အေးအေး”
သူဖုန်းချလိုက်ပြီးနော်အောင် က
“ဘာတဲ့လဲ”
“သူ့အိမ်မှာဒီညအိပ်မယ်တဲ့မနက်မှလာမယ်ဆိုလား”
“အော်... မင်းကောင်လေးကိုကော”
“သူတော့ရှိလောက်မယ်ထင်တယ် ငါညနေမှသွားခေါ်မလို့”
“အော်.. အေး ဖိုက်တင်း”
“ဟား... ဟား... အိုကေဘာ”
******
“မင်းကကြိုပြောသင့်တယ် ငါမလိုက်ချင်ဘူးမိုးချုပ်မှာ”
“မရဘူးလေ ANuကခေါ်ခိုင်းတာမယုံရင်ဖုန်းဆက်ကြည့်မလား
ကိုယ့်သားကိုဂရုစိုက်ပေးနေတော့သူက ကျေးဇူးတင်တဲ့သဘောနဲ့ ထမင်းဖိတ်ကျွေးတာလေ မင်းလူကြီးတစ်ယောက်ရဲ့ဖိတ်ကြားချက်ကိုမငြင်းသင့်ဘူး”