#ပြင်ဆင်ပြီး
Zawgyi
_______မြူဆိုင်းနေသည့်အေးချမ်းလှတဲ့ဆောင်းရာသီရဲ့နံနက်ခင်းလေးတစ်ခုမှာတော့
တီ....တီ....!!!
"Nusha..... ထတော့ နှိုးစက်ကမြည်နေတာ၃ခါမကတော့ဘူး"
"5 mins ANu"
"အဲ့လိုပြောနေတာ ဘယ်နှခါရှိပြီ လဲ....AWa တောင် အလုပ်သွားပြီ"
"အွမ်း....မထချင်သေးဘူးလို့"
ဒေါ်ခေါင်တစ်ယောက်အိပ်ရာပေါ်တွန့်ကွေးနေသည့်သူမသားအားကြည့်ပြီးသက်ပြင်းချမိသည်။ဘာလို့ဒီလောက်အအိပ်မက်ရတာလဲမပြောတက် ညဆိုမင်းသားလိုဖလန်းဖလန်းထနေပြီးမနက်ဆိုမထနိုင် နှိုးစက်သံ ကိုယဉ်ပါးနေတဲ့ သူ့သားအတွက်သူ့အသံကသာနှိုးစက်နောက်တစ်ခုလိုဖြစ်နေချေပြီ။မနှိုးလို့ကလဲမရပြီးရင်နောက်ကျလို့သူငယ်ချင်းတွေဆီက အပြောအဆိုခံရရင်အမေဖြစ်သူကို မနှိုးရကောင်းလားအပြစ်တင်အုံးမည်။
"ဒီနေ့ကျောင်းဖွင့်ပြီလေ Nusha "
ဒေါ်ခေါင် ကနော်ဒူအောင်ခြုံထားသည့်စောင်ကို ဖယ်ပစ်လိုက်တော့ ချက်ချင်းပင်ပြန်ဆွဲယူကာအပျင်းကြောထူနေသည့်အသံဖြင့်
"ပထမရက်ဘယ်သူမှစာမသင်ဘူးပြီးတော့Kasha က first year မဟုတ်ဘူးလေ second year အ့တော့ ဂျူနီယာလေးတွေလိုလဲတက်ကြွ နေဖို့မလိုဘူးလေ"
"ဒါမဲ့Nusha က Mananနဲ့တွေ့ဖို့ချိန်းထားတယ်ဆို"
ထိုသို့  ပြောလိုက်တော့မှ အိပ်ယာကနေကပျာကယာ ကုန်းထလာတယ်။ပြောသားပဲသူမသားကဒီလိုနမော်နမဲ့နိုင်တဲ့ကောင်ပါလို့လေ။
"ဟုတ်သား Nusha မေ့နေတာ Thank you ANu အား...၈နာရီထိုးနေပြီ ဟိုကောင်တွေဆဲတော့မှာပဲ"
ခနကအော်နေတဲ့နာရီကိုကြည့်ပြီးနော်ဒူအောင်ခေါင်းနပန်းကြီးလာရသည်။နောက်ကျရင် အပြောအဆိုကခံရအုံးမည်။ဒီလိုမှန်းသိရင် နှိုးစက်စမြည်ထဲက ထပါတယ်ကွာ ရေချိုးခန်းထဲဝင်ပြီးအ၀တ်စားတွေဝတ်နေတုန်းအိမ်အောက် ကနေကြားလိုက်ရသည့်သူ့သူငယ်ချင်းတွေရဲ့အော်သံ
"wei....naw Lawan wan sa wa yu u"
"ခနစောင့်အုံး "
အပေါ်ထပ်မှနော်ဒူအောင် ရဲ့အော်သံကျယ်ကြီးပင်။သူ့အသံကြားတော့သူငယ်ချင်းနှစ်ယောက်ကအခြေ
အနေ ကိုရိပ်မိနေချေပြီ
YOU ARE READING