(Part-9)Zawgyi/Unicode
134 9 8
Zawgyi
======
“ဟင်! ”
နော်အောင်ဖုန်းကြည့်နေရင်းအသေးလေးရဲ့အသံကြောင့်ကြည့်လိုက်တော့ရေစီးသန်တဲ့နေရာပေါ်မနည်းရပ်နေရပုံရသည့်ခွန်း နော်အောင်အလောတကြီးပင်ပြေးသွားလိက်ြပြီး
“သေချာခနလေးရပ်နေ!”
“မြန်မြန်လာတော့... အင့်... ရေစီးသန်လွန်းတယ်”
“အဲ့တာတွေပြောတာအ့လက်ကဘောကွင်းလွှတ်လိုက်တော့!!ဆွဲထားရင်ရေစီးသန်တာနဲ့ ပါသွားလိမ့်မယ်”
“အင့်! အင်း.. လွှတ်လိုက်ရင် ငါရေနစ်ရင်ကော”
“ကျွန်တော်လာခဲ့မယ်.... လာခဲ့... လက်ကိုသေချာဆွဲခဲ့ ဟိုဘက်လက်ကဟာကိုလွှတ်လိုက်လို့ ပြောနေတယ်လေ!!! ”
“အင့်... မအော်နဲ့!!”
“အိုကေလွှတ်လိုက်ပြန်မရလဲလျော်ပေးလို့ရတယ်လေ  ပြောတာနားထောင်”
ရေစီးသန်နေတော့ ခြေတောက်က ကျောက်တုံးပေါ်မနဲ ရပ်နေရတာဖြစ်တယ်။ သူပြောလိုက်မှ ကိုင်ထားတာကိုလွှတ် လိုက်ပြီးလက်ကို လှမ်းဆွဲလာခဲ့သည်။လက်ဆွဲမိမှလူပေါ်ကိုအတင်းဖက်တွယ်လာတယ်။
“အင့်.... ငါ.. ငါ တကယ်ကြောက်နေတာ
ဟင့်... ရွှတ်... ”
လူကိုပေါ်တက်ထားပြီးတအင့်အင့်နဲ့ငိုနေတာကလေးလေးလိုပဲ ခုမှလာငိုနေတယ်
“အ့ကြောင့်ပြောတာလေ  စကားနားမထောင်တာကိုတိတ်တော့”
“အင့်... ဗိုက်ဆာတယ်”
“အိုကေ တဘတ်ခြုံထားနော် ”
ခနကကျောက်တုံးတွေပေါ်ပစ်တင်ခဲ့တဲ့တဘတ်ကို ခြုံပေးပြီး ရေနွေးနဲနဲတောင်းပြီးမှုတ်သောက်ခိုင်းရသေးသည်။ ကလေးထိန်းနေရသလိုပဲ ။
“ရော့... စားချင်တဲ့ ငါးကင် ပြီးရင်အိမ်ပြန်တော့မယ်”
“ဟင်!... ရေထပ်မဆော့... ”
“တော်လောက်ပြီလေ!!ခနကပဲ ဖြစ်သွားတာမသိဘူးလား....
စားစရာရှိတာမြန်မြန်စားအိမ်ရောက်ရင် ဆေးသောက်ရမယ်နေမကောင်းဖြစ်မှာစိုးလို့”
“အင်း... ငါသိပြီ”
“စား... စား... ငါးသေချာစားအုံးအရိုးတွေက”