(Part-21) Zawgyi/Unicode
153 4 6
Zawgyi
=======
မနက်ခင်းဆောင်းလေအေးရဲ့တိုက်ခတ်မှုတွေနဲ့ဆန့်ကျင့်စွာတစ်စုံတစ်ယောက်ကတော့ ချွေးတွေအရွဲသားနဲ့ အပြေးလေ့ကျင့်နေလေရဲ့။
“မင်းကလဲ မနေ့ကပဲရည်းစားတွေဖြစ်ကြတယ်ဒီနေ့ပဲ သူငယ်ချင်းကိုအဖက်မလုပ်တော့ဘူး မလွန်လွန်းဘူးလား!!”
“ဆောရီးကွာ ကျောင်းရောက်မှတွေ့  မယ်”
“အေး... သေဖို့ပြင်ထားမင်းတော့”
“ဟား... ဟား... အေးပါကွာ မြတ်မောင်ကိုဝင်ခေါ်အုံး”
“အေး”
သူဖုန်းချပြီးရေချိုးဖို့ပြင်လိုက်ရသည်။ခနကတင်အပြေးလေ့ကျင့်ပြီးအိမ်ပြန်ရောက်ခဲ့တာ
ရေချိုးခါနီးဆွတ်နောင်ဆီကဖုန်းဝင်လာလို့ဖုန်းပြောနေခြင်းပင်။
******
“ပိုပါတယ်သူက... ”
“ဒါတော့ရည်းစားထားဖူးတဲ့သူပဲသိမှာပေါ့”
“အမလေး... ခနက ဆန်းမောင်ကို လာခေါ်နေတာ ငါ့ကိုသတိတောင်မရဟေ့”
“ဟား... ဟား... ဟုတ်မှာပေါ့ ”
“ဒါနဲ့မင်းကကော အကိုခွန်းနော်ကိုဘာလုပ်မှာလဲ”
“မင်းပြောမှသတိရတယ် သူရှိလား”
“ရှိတယ်လေ”
“ဒါဆိုငါလစ်ပြီ မင်းကားပေါ်ခနစောင့်နေနော် ရော့ကားသော့”
သူ့ကိုကားသော့ပေးပြီးထွက်သွားတဲ့နော်အောင်
“မင်းလဲ သူတို့မဲ့အတူတူပါပဲအလကားငကြောက်ကောင်တွေ”
“ဘာတွေရွတ်နေတာလဲ”
“အမ်!!!  အမလေး!! ”
ဘာ လို့သရဲလိုပေါ်ပေါ်လာရတာလဲ
“လန့်သွားတာလား ဆောရီး ကိုယ်က ဒီတိုင်းမေးလိုက်တာ”
“ရပါတယ်အကိုကရေချိုး ပြီးပြီလား”
“ပြီးပြီ မင်းချိုးချင်လို့လား လူတော့သိပ်မရှိတော့ဘူး ခချိုး ချင်ချိုးလိုက်”
“ဟင့်အင်း အေးတယ်”
“အေးရင်မချိုးတော့နဲ့ ကိုယ်အ၀တ်စားလဲလိုက်အုံးမယ်”