Ep-21(Unicode)

5.7K 885 40
                                    


နှစ်ထပ်လိုဏ်ဂူတော်ကြီးဖြစ်တဲ့ ထီးလိုမင်းလို ဘုရား။အုတ်တံတိုင်းရှေ့တွင် ကြက်သွေးရောင် စက္ကူပန်းလေးများက တစ်ပင်လုံး အခိုင်လိုက်ပွင့်နေသည်။ အလင်္ကာ ၊ရိုးသစ္စာနဲ့ တိမ်ဆိုင်တို့ အတူဝင်လာကြသည်။ဘုရားဝန်း မုခ်ဦးရှေ့ရောက်သည့်အခါ မိမိ စီးထားသော ဖိနပ်ကို အပိုင်အဖြစ်မသတ်မှတ်ကြောင်း စိတ်နှလုံးသွင်းလိုက်တဲ့အချိန် ချွတ်ထားခဲ့၍ ရသည်။ဒါက တိမ်စိုင်ပြောပြသော နည်းလမ်းတွေထဲက တစ်ခု။

နောက်တစ်ခုက ဘုရားဝန်းအတွင်းမှာရှိနေသော အုတ်တစ်ချပ် သဲတစ်ပွင့်က အစ ဘုရားဌာပနာတော်များအဆုံး စိတ်နဲ့တောင်မပစ်မှားဖို့ သစ္စာဆိုရသည်။ ရယူပိုင်ဆိုင်လိုစိတ်မရှိရ။ ပျက်စီးစေလိုသော သဘောဖြင့် ပြုမှုခြင်းမလုပ်ရ။ ရှေးခေတ်လက်ရာများအပါအဝင် ဘုရားဆင်းတုတော်များကို ပုံပန်းသွင်ပြင်အရသော်လည်းကောင်း စိတ်ကွက်ခြင်း၊ငြူစူပြောဆိုခြင်းများ မပြုလုပ်ရ စသည်တို့ ဖြစ်သည်။

ဆုပ်ကိုင်ထားသော လက်ဖဝါးငယ်အား အလင်္ကာငုံ့ကြည့်မိသည်။ထို့နောက် ပြုံးရိပ်သမ်းနေသော မျက်နှာဆီသို့ အကြည့်မခွာနိုင်လောက်အောင် စိုက်ရောက်၏။ ဒီနေ့က လပြည့်နေ့။ အခိုးငွေ့ဖြစ်ဖို့အရောင် မှိန်လာနေသော ဒီလူသားကို လက်မလွတ်ချင်သေးပါ။ဤလူသားငယ်လေးသက်တမ်းတိုသေးသည်။ သေဆုံးချိန်က ခွဲခွာခဲ့ဖူးသော နှမဖြစ်သူရဲ့ အသက်လောက်သာ ရှိအုံးမည်။

ဖြူစင်သောစိတ်ထားလေးနဲ့ လောကကြီးအကြောင်း အများကြီးသိရှိကာ ကျင်လည်စေချင်သေးသည်။ကိုယ်က နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီးပြီပဲ။ ဒါကြောင့် တိမ်ဆိုင်ပေးသော ပုရပိုက်ထဲကလို အစားထိုး ပျောက်ကွယ်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရာစုနှစ်များစွာ ဖြတ်သန်းလာခဲ့ပြီးမှ ပထမဆုံး မေတ္တာသက်ဝင်မိသည်မှာ ရိုးသစ္စာဆိုသော ဒီလူသားလေးသာ။ချစ်ခြင်း မေတ္တာကို ဘယ်လို ဖော်ထုတ်ပြသရမလဲ ဆိုတာ မသိပေမယ့် သူ့အတွက် လုပ်ပေးနိုင်တာ မှန်သမျှ ပေးအပ်ဖို့ ဝန်မလေး။

အားကိုးတကြီးဖက်တွယ်တတ်တဲ့ လက်ကလေးတွေ၊ ထိတ်လန့်သွားတဲ့အခါ ဝိုင်းစက်လာသော မျက်ဝန်းလေးတွေ။အစ်ကိုလို့အမြဲခေါပြီး ပြုံးပြဖို့ မတွန့်တိုတတ်သော ဒီနှုတ်ခမ်းလေးတွေ။သစ္စာနဲ့​ပတ်သက်သမျှ အရာအားလုံးကို လွန်စွာချစ်မိပါ၏။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Место, где живут истории. Откройте их для себя