Ep-19(Unicode)

8.5K 1.4K 125
                                    


"ရှေးအခါ သီဟိုဠ်ကျွန်းရဲ့ဘုရင် ပထမဝိဇာယဗာဟုက အနော်ရထာမင်းကြီး ထံကနေ အကူညီတချို့ရခဲ့တယ်။အဲ့ဒါကို အကြောင်းပြုပြီး ကျေးဇူးတုန့်ပြန်သည့် အနေနဲ့မြတ်စွာဘုရားရဲ့ စွယ်တော်ပွားကို ပြန်ပေးခဲ့တယ်။"

တိမ်စိုင်လို့ ဝိညာဉ်ရဲ့အကူညီကြောင့် သူနဲ့ အလင်္ကာ ရွှေစည်းခုံဘုရားဝန်းထဲ ရောက်ရှိနေကြသည်။ထို ဝိညာဉ်က ဘုရားဝန်းထဲမှာ ရှိသမျှ မြင်သမျှတို့ကို စိတ်ဖြင့်တောင်မပြစ်မှားဖို့ သစ္စာဆိုတိုင်တည်ခိုင်းသည်။

ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပါယ် လှသော စေတီတော်ကြီးကို ဖူးမြော်ရင်း သမိုင်းအကြောင်းကိုလည်း ရှင်းပြလာပြီး တိမ်ဆိုင်ပြောပြတာတွေကို ရိုးက စိတ်ဝင်စားနားစွင့်နေ သော်လည်း အလင်္ကာက ဘာစကားမှမဆို ဘေးမှာသာ ရှိနေသည်။

မျက်နှာထားကလည်း ပုံမှန်ထက်ကို ခပ်တည်တည်။သူပြောပြနေကျ အကြောင်းရာတွေကို တခြားသူပြောနေလို့ စိတ်မကြည်နေတာလားဟု တွေးမိတာကြောင့် လက်ကို အသာဆုပ်ကိုင်လိုက်သည်။များပြားလှသော ပုဂံသူ ပုဂံသားတွေကို ပြန်မြင်ရခြင်းနှင့်အတူ လှစ်ခနဲ ပြုံးလိုက်သော သူ့အပြုံးကို မြင်ကာမှ စိတ်အေးရတော့သည်။

"ဒီလိုနဲ့ အနော်ရထာမင်းကြီးက ပုဂံပြည်ရောက်တဲ့အခါ ဆင်ဖြူတော်ပေါ် စွယ်တော်ကြုတ်တင်ပြီး လွှတ်လိုက်တယ်။ဆင်ဖြူဝပ်တဲ့ သဲခုံနေရာမှာ ရွှေစည်းခုံစေတီကြီးကို တည်စေခဲ့တာပဲ"

တိမ်စိုင် ဝိညာဉ်က ဒီဘက်ခေတ်က ဖြစ်တာကြောင့် စကားပြောတာပေါ့ပါးသည်။ သို့သော် အရင်က အလင်္ကာပြောလာတဲ့ စကားအသွားအလာကိုပဲ နားယဉ်နေတာကြောင့် အခုဝိညာဉ်ရဲ့ စကားကျ နားထဲ ကိုးလိုးကန့်လန့်ဖြစ်နေပြန်သည်။

"ကောဇာသက္ကရာဇ် (၄၂၁)၊တပိုတွဲလဆန်း(၁၀)ရက် ကြာသပတေးနေ့မှာစတည်တယ်။တရုတ်ပြည်က ရတဲ့မြဆင်းတုတော်တစ်ဆူ။ ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော်တစ်ဆူ၊ မင်းကြီးရဲ့ ရတနာပန်းတောင်းတို့ကို ဌာပနာ တည်ခဲ့တယ်။(၄၄၆) ခုနှစ် ရွှေစည်းခုံစေတီတော်ကြီး တည်နေစဉ်မှာပဲ အနော်ရထာမင်းကြီးနတ်ရွာစံခဲ့တယ်။ကျန်စစ်သားမင်းကြီး လက်ထက်ရောက်မှ ဆက်လက်တည်ဆောက်ခဲ့တာ။တုရင်းတောင်က ကျောက်တွေကို လူလက်ဆင့်ကမ်းပို့ဆောင်ပြီး ၄၅၂ ခုနှစ်မှ ပြီးစီးခဲ့တယ်။နှစ်ပေါင်း (၃၁)နှစ်လောက်ကြာပြီး အရင်မူလက ကျောက်စေတီကြီးပဲ။
ဟံသာဝတီဘုရင့်နောင်ကျော်ထင် အနော်ရထာက (၁၅၅၀-၁၅၈၁)မှာ ရွှေသင်္ကန်းကပ်လှူခဲ့တာကြောင့် ယခုလို ရွှေတောင်ကြီးသဖွယ်ဖြစ်နေတာပေါ့။ ထီးတော်ကိုတော့ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းက လှူဒါန်းခဲ့တယ်"

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Où les histoires vivent. Découvrez maintenant