Ep-1(Unicode)

26.9K 2.3K 126
                                    



(၁၉)ရာစု။
(၁၈၆၆)ခုနှစ်၊မြန်မာသက္ကရာဇ် (၁၂၂၈)ခုနှစ်၊ဩဂုတ်လ(၂)ရက်၊ကြာသပတေးနေ့ တွင်ဖြစ်သည်။

ကုန်းဘောင်မင်းဆက်(၁၀)ဆက်မြောက်မင်း လက်ထက်တွင် သာယာလှပနေသော မြနန်းစံကျော် ရွှေနန်းတော်အတွင်းသို့ ပုန်ကန်ဖို့ စီးနင်းဝင်ရောက်လာသော သူတချို့မှာ ဆင်ခြင်တုံတရား ကင်းမဲ့နေလေသည်။

ဘုရင်မင်းမြတ်ဟာ သားတော်တွေကို နန်းမွေ မဆက်ခံစေဘဲ ညီတော်ကိုသာ အိမ်ရှေ့စံရာထူး ခန့်အပ်စေခဲ့ခြင်းကြောင့် ထိုအရာက ပုန်ကန်ထကြွမှုရဲ့ အဓိကအရင်းမြစ်ဖြစ်ပေလိမ့်မည်။ အနာဂတ်နိုင်ငံတော်မှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်ပေးမယ့် အိမ်ရှေ့စံအား သာမညမင်းသားများကလုပ်ကြံသတ်ဖြတ်ခဲ့တဲ့အခါမြို့ရိုးတံခါးမှ ဝင်ရောက်လာသော ပုန်ကန်သူတွေကို သားတော်တွေထဲမှ မင်းသားတစ်ပါးက ခမည်းတော် ဘုရင်မင်းမြတ်ကို ကာကွယ်ခဲ့သည်။ ထိုမင်းသားနဲ့အတူ ခုခံကာကွယ်ရင်းအသက်ပေးလိုက်ရသော မထင်မရှား မြို့ရိုးစောင့်တပ်မှူးလေးတစ်ယောက်ရှိခဲ့ပြီး ထိုတပ်မှူးလေး အသက်ပျောက်၍နေဝင်ခါမှ အိမ်ရှေ့စံဘက်က တပ်သားတွေရောက်လာသည့်အခါ ပုန်ကန်သူ မင်းသားထွက်ပြေးဆုတ်ခွာသွားခဲ့သည်။

နိုင်ငံကို သစ္စာစောင့်သိသူတစ်ဦးဟာ တိုင်းပြည်ကို အသက်ပေးပြီးကာကွယ်ရမှာ အစဉ်လာပါပဲ။ သူ၏အသက်ပေးဆပ်လိုက်ရခြင်းမှာ နောင်တကင်းလေတဲ့ ဤတပ်မှူးငယ်။ မမျှော်လင့်ထား သော်လည်း အရှင်မင်းကြီးက နန်းမြို့ရိုးရဲ့ တံခါးပေါက်တစ်ခုမှာ အစောင့်အရှောက်နယ်မြေအဖြစ် တပ်မှူးလေးအားအပိုင်စားသတ်မှတ်စေခဲ့သည်။

ထိုအချိန်မှ စလို့ ယနေ့ခေတ်တိုင်အောင် မြို့ရိုးတံခါးဝမှာ တပ်မှူးအပိုင်အဖြစ်သူ၏ဘွဲ့နာမည် 'အလင်္ကာဓိပတိ' ဟု အမည်တွင်လေသတည်း။

.........

(21)ရာစု

2020ခုနှစ်၊မေလ (၂၂)ရက်၊သောကြာနေ့။

" ရိုး ငါ့ကို အာလူးကြော်ထုပ်ပေးအုံး"

အိပ်ငိုက်နေသော မျက်လုံးတွေက အရှေ့ခန်းမှ ခင်ခင်လေးအသံကြောင့် ပြန်ပွင့်လာပြီး ပိုက်ထားတဲ့ ကျောပိုးအိတ်ထဲနေ ထုတ်ယူကာ လှမ်းပေးလိုက်သည်။ထို့နောက် ကားမှန်ကို မှီရင်းပြန်မှေးနေလိုက်၏။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Место, где живут истории. Откройте их для себя