ရွှေစည်းခုံစေတီတော်ကြီးကနေ အာနန္ဒာဘုရား၊ကန်တော့ပလ္လင်၊ သဗ္ဗညုတဘုရား၊ဗူးဘူရား၊ရွှေဆံတော်စေတီ၊ဓမ္မရံကြီးဘုရား၊မနူဟာဘုရားတို့ကိုလှည့်လည်ဖူးမြော်ခွင့်ရသည်။ ညနေဆည်းဆာချိန်ရောက်တော့ ဘုန်းကြီးကျောင်းရှိရာကိုပြန်လာပြီး ကမ်းစပ်ကို အလင်္ကာနဲ့အတူဆင်းလာလိုက်ကာ ဘုန်းကြီးကျောင်း၏အနောက်ဘက်တွင် ဧရာဝတီမြစ်ရှိပြီး အလင်္ကာက သဲသောင်ပေါ်မှာ ထိုင်ချလိုက်တာကြောင့် ဘေးကနေ ဝင်ထိုင်ပြီး နေမရှိတော့တဲ့ ဆည်းဆာရောင်ကို ငေးကြည့်မိသည်။နှစ်ယောက်လုံး စကားမဆိုသေးဘဲ အတွေးကိုယ်စီဖြင့်တိတ်ဆိတ်လျက်။
ဘုရားစေတီဝင်းထဲကို တိမ်ဆိုင်ပြောသည့်အတိုင်း သစ္စာဆိုပြီး ဝင်လို့ရခဲ့သည်။ သမိုင်းအကြောင်းတွေကတော့ အလင်္ကာပဲ အကုန်ရှင်းပြမည်ဟုပြောတာကြောင့် တိမ်စိုင်က သူတို့နောက်ပါမလာတော့။ ဘုန်းကြီးကျောင်းကို ပြန်ရောက်ချိန် သူက ရေသဖန်းပင်ပေါ် မှာ ရှိနေနှင့်ပြီ။
"ကျွန်တော်တို့ ဘယ်အချိန်ပြန်ကြမလဲ"
သူ့ဘက်လှည့်ကာမေးလိုက်ပေမယ့် မျက်နှာချင်းဆိုင်လှည့်မလာ မြစ်ပြင်ကိုသာ ငေးကြည့်နေသည်။
"အစ်ကို "
"ဟင် "
လက်မောင်းကို ကိုင်ကာခေါ်လိုက်မှ လှည့်လာပြီး အမြဲသတိဝိရိယရှိနေသော သူက ရိုးပြောလိုက်တဲ့ စကားကို မကြားလိုက်သလို တစ်ခုခု အလေးနက်တွေးတော နေသည်။
"ကျွန်တော်တို့ ဘယ်အချိန် မန္တလေးကို ပြန်ကြမလဲလို့"
"သစ္စာရဲ့ ခန္ဓာကိုယ်နဲ့ဝိညာဉ်ကွဲနေတာ ကြာရင် မကောင်းဘူး"
အမေးနဲ့ အဖြေကွဲလွဲလျက် ရိုးကိုယ်တိုင်က မူလခန္ဓာကိုယ်ထဲပြန်ရောက်ဖို့ သိပ်အလေးမထားပေမယ့် သူကအလွန်စိုးရိမ်နေသည်။ တကယ်တမ်းတွေးကြည့်ရင် ကြောက်စိတ်မရှိတာတော့ မဟုတ်။
အဖေနဲ့အမေအပြင် အစ်ကိုနိုင်သူကို မတွေ့ရတော့ဘဲ ထားဝရသေဆုံးသွားနိုင်သည်။သို့သော် ထိုကြောက်စိတ်ထက် ယခု ဝိညာဉ်ဘဝနဲ့သာ အလင်္ကာကိုတွေ့မြင်ရမည်ဖြစ်တာကြောင့် လက်ရှိအခြေအနေကို ရူးမိုက်စွာ ကျေနပ်မိပြန်သည်။ အရှေ့ အနာဂတ်သို့မတွေးချင် ဒီအခိုက်တန့်လေးသာ တည်မြဲနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ESTÁS LEYENDO
နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1