Ep-3(Unicode)

13.4K 1.9K 123
                                    



ကျောပြင်ဆီမှ အေးစက်စက်ကြမ်းခင်းတစ်ခုရဲ့ အထိအတွေ့ကို ခံစားမိပြီး မူးနောက်နေတဲ့ခေါင်းကို လက်နဲ့ အသာဖိလိုက်ကာ ရိုး လှဲနေရာမှ ထလိုက်သည်။ ခေါင်းကို ငုံ့ထားလျက်ပဲ အမူးပြေအောင် ငြိမ်နေလိုက်ရင်း ဖြစ်ပျက်သွားတဲ့အရာတွေကို သေချာပြန်မတွေးတောနိုင်။သူ ဘယ်ရောက်နေတာလဲ။တစ်ယောက်ယောက်က ကယ်ထားတာများလား။ ဒါမှမဟုတ်သေသွားခဲ့ပြီလား။

မေးခွန်းပေါင်းများစွာနဲ့ အခင်းမပါသော ကြမ်းပြင်ကို သတိထားမိခါမှ ဘေးပတ်ပတ်လည် ဝေ့ကြည့်မိသည်။ရှေးကျတဲ့ အိမ်ပုံစံအဆောက်အုံထဲမှာ လူအသုံးအဆောင်ပစ္စည်းရယ်လို့ ဘာတစ်ခုမှမရှိ။ အိမ်ကြီးရဲ့အလယ်ထဲမှာ အခင်းပြားအောက်ကနေ ထိုးထွက်နေတဲ့ ကျွန်းသစ်လုံးတိုင်ကြီးတွေက ရှင်းလင်းစွာတည်ရှိနေသည်။

ပြတင်းပေါက် နှစ်ခုနဲ့ တံခါးမကြီးတစ်ခုပါရှိပြီး တံခါးတွေရဲ့ အပြင်မှာ ဘာရှိနေလဲ မတွေ့နိုင်အောင် မြူတွေ အုံ့ဆိုင်းနေသည်။ထိုသို့ ပတ်ဝန်းကျင်အနေအထားကို အကဲခတ်နေချိန် မိမိခြေရင်းမှ နန်းတွင်းအဝတ်အစားနဲ့ ဒူးတုပ်ထိုင်နေသော လူနှစ်ယောက်ကြောင့် အနောက်သို့ ထခုန်မိမတတ်လန့်သွားသည်။

"ဘယ် ... ဘယ်သူတွေလဲ"

မရဲတရဲလှမ်းမေးလိုက်တော့ ခေါင်းငုံ့နေရာကနေ ရိုးကိုမော့ကြည့်လာတဲ့အခါ ထိုသူတို့နှစ်ယောက်ရဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာတော့ လိပ်ပြာလွင့်မတတ်လန့်သွားပြီး အော်ဖို့တောင် အသံမထွက်နိုင်တော့ပေ။

အညိုမှိုင်းရောင် ဝတ်ဆင်ထားသော တစ်ယောက်ရဲ့ မျက်နှာမှာ ကန့်လန့်ဖြတ် ဓားဒဏ်ရာကြီးက လတ်လတ်ဆတ်ဆတ်ခုတ်ဖြတ်ထားသည့်နယ် သွေးစို့နေပြီး အစိမ်းပုပ်ရောင် ဝတ်ဆင်ထားသော သူကတော့ မျက်စံအနက်မရှိ အဖြူပြင်ချည်း ပကတိမျက်လုံးတွေနဲ့။

ရိုးလက်တွေတုန်လာပြီး အနောက်သို့ တရွေ့ရွေ့ဆုတ်မိတဲ့အခါ နောက်ကျောဘက်ဆီမှ တစ်စုံတစ်ရာနှင့် ထိကပ်မိချိန် အသံကုန် အော်ဟစ်လိုက်တော့သည်။

"အား! သ... သရဲ ငါ့နားမလာကြနဲ့ လွတ်ရာ ကျွတ်ရာ သွားကြပါ အမျှ ... အမျှ"

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Место, где живут истории. Откройте их для себя