Ep-13(Unicode)

8.8K 1.4K 38
                                    


ပုံရိပ်ယောင်ကဲ့သို့ မြင်ကွင်းများ တဖြည်းဖြည်းဝေ၀ါးကာ ပျောက်ကွယ်ခါနီးအချိန် လက်ဖ၀ါးတွင် နွေးထွေးသောအထိတွေ့တစ်ခုကိုခံစားရသည်။ထို့နောက် မျက်လုံးဖွင့်ကြည့်ခိုက် သူက အလင်္ကာရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် အိပ်ပျော်နေခဲ့ကြောင်း သတိရမိသည်နှင့်အတူ မြင်တွေ့ခဲ့ရတဲ့ အကြောင်းတွေက တပ်မှူးရဲ့ ဘ၀တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိလိုက်ရလေသည်။လွန်စိတ်ဝင်စားစရာကောင်းတဲ့ ဒီအဖြစ်အပျက်ကို အလင်္ကာက သေချာမြင်စေချင်တာလား သို့မဟုတ် လက်ကို ကိုင်ထားသောကြောင့် ရိုးဘာသာ အိပ်မက်လို မြင်လာရတာလား မသိပါ။ သေချာတာတစ်ခုကတော့မင်းသာ ဒိနပတိ တကယ်ချစ်မြတ်နိုးတဲ့ သူက ဘယ်သူဖြစ်နေလဲဆိုတာ အရမ်းသိချင်သည်။ပုံရိပ်ယောင်တောင် ကိုရီးယားဒရမ်မာလို ကောင်းခန်းရောက်မှ နိုးရတယ်လို့။

ညခင်းထက် ပိုမိုရှင်းလင်းစွာမြင်ရသော မနက်အာရုံဦး၏ မြူရစ်သိုင်းသော အလင်းရောင်။ ပီပြင်နေသော သူ့မျက်နှာက ဒဏ်ရာတချို့အား ရိုးသေချာကြည့်နေမိသည်။ သွေးစို့နေတဲ့ ဓားဒဏ်ရာက အကျဉ်းတန်နေသော်လည်း သူ့မျက်နှာမှာတော့ ခက်ထန်ခြင်း မရှိပေ။ဒါကြောင့် ရိုးသည်လည်း ကြောက်စိတ်ထက် စိတ်မကောင်းခြင်းသာ ရှိနေသည်။

"ကျုပ်တို့ တမ္ပဒီပ ကို သွားကြမလား"

"တမ္ပဒီပ ဆိုတာ ဘယ်နေရာလဲ အစ်ကို"

ရိုးထိုနာမည်ကို မရင်းနှီးသောကြောင့် မေးခွန်းပြန်ထုတ်မိသည်။

"အသင်ပြောတဲ့ ပုဂံကိုပါ "

"တကယ်ကြီး ? အစ်ကို တကယ်ပြောတာလား? "

"တကယ်ပေါ့ အသင်ရဲ့ "

"အစ်ကိုက ဒီနယ်မြေကနေ ထွက်လို့ရလို့လား"

မှိုင်းညို့ညို့ မျက်နှာသွင်ပြင်က ရိုးကို ခဏတာစိုက်ကြည့်ပြီးနောက် ညင်သာစွာပြုံးသည်။ အစ်ကိုနဲ့အတူ ပုဂံသွားချင်လိုက်တာ ဆိုတဲ့ စကားလောက် ကျန်တာ အရေးမပါတော့တဲ့​အပြုံးမျိုး။ ခံစားချက်ရေရေရာရာ မသိသော လွှင့်မြောနေတဲ့ ဝိညာဉ်တစ်ကောင်ရဲ့ ရင်ခုန်သံ။လေဟာနယ်ထဲမှာ လှုပ်ခတ်သွားတဲ့ လှိုင်းငယ်လေးပမာ။နွေးနွေးလေး ။ တူညီစွာ နှုတ်ခမ်းတို့ အလိုလို ကော့ညွှတ်မိသည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Donde viven las historias. Descúbrelo ahora