Ep-16(Unicode)

8.3K 1.4K 29
                                    


"အနော်ရထာမင်းကြီး နတ်ရွာစံပြီးသော် သားတော်စောလူးမင်း နန်းတက်ခဲ့တယ်။စောလူးမင်းရဲ့ တိုင်းပြည်အုပ်ချုပ်ပုံ အလွန်ညံ့ဖျင်းမှုကြောင့် အနော်ရထာဘုရင် လက်ထက်ကလို ငြိမ်ဝပ်ပိပြားမှုမရှိခဲ့ပေဘူး။
စောလူးမင်းရဲ့ သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကိုယ်တိုင်က ပုန်ကန်ပြီးသူ့ကို ဖမ်းဆီးထားခဲ့တာ။ကျန်စစ်သားကလာကယ်တဲ့အထိ စောလူးမင်းဟာ မဆင်ခြင်မသုံးသပ်ပါပဲ သူငယ်ချင်းဖြစ်သူကို ယုံကြည်နေခဲ့လေရဲ့။
ထို့နောက်ကျန်စစ်သားကို သူခိုးလို့ အော်တာကြောင့် ကျန်စစ်သားက သူ့ကို ရန်သူ့နယ်မြေ အတွင်းမှာပဲ ပစ်ထားခဲ့ရပြီး ငရမန်ကန်းရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေတာပေါ့။
စောလူးမင်းရဲ့နောက် နန်းတက်ခဲ့တဲ့ ထိလှိုင်ရှင် ကျန်စစ်သားမင်းကြီး လက်ထက်ရောက်မှ ပြိုကွဲနေတဲ့ နိုင်ငံရေးအခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ကျန်စစ်သားမင်းကြီးက မွန်၊ဗမာ ချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့တယ်။ စောလူးမင်းရဲ့ သားတော် စောယွန်းကို သမီးတော်ရွှေအိမ်စည်နှင့် လက်ဆက်ပေးခဲ့ကာ သူတို့နှစ်ဦးကမွေးဖွားလာသော မြေးတော် အလောင်းစည်သူကိုသာ ထီးနန်းပေးမည်ဟု မိန့်ကြားခဲ့တာကြောင့် နောက်ကျမှ ရောက်လာသော သားတော် ရာဇကုမ္မာက အိမ်ရှေ့စံရာထူးဆက်ခံခွင့်မရခဲ့ဘူး။
သို့ပေမယ့် ရာဇကုမ္မာမင်းသားက ခမည်းတော်ကျန်စစ်သားမင်းကြီးအတွက် ရွှေစင်သွန်းလုပ်ပြီး စေတီမှာ ဌာပနာတည်၊ကျွန်သုံးရွာကိုလည်း လှူဒါန်းခဲ့သေးတယ်။ကျေးဇူးသိတတ်တဲ့ သားတော်တစ်ပါးပါပဲ။"

"မြန်မာနိုင်ငံမှာ အထောက်ထားအခိုင်အမာနဲ့ အစောဆုံးတွေ့ရတဲ့ ကျောက်စာဟာ အခုလို မိဘကျေးဇူးသိတတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကြောင့် ကျွန်တော်တော့ အလွန်ဂုဏ်ယူမိတယ်"

"ဒါပေါ့ အသင်ရဲ့ ဂုဏ်ယူစရာ၊ အတုယူစရာပါ "

"အစ်ကို "

"ပြောပါ အသင်"

"ကျွန်တော့်ကိုလေ အသင် ... အသင်နဲ့ခေါ်တာ သူစိမ်းဆန်သလို ခံစားရတယ်။ ဖြစ်နိုင်ရင် တခြားနာမည် ပြောင်းခေါ်ပေးပါလား"

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now