Ep-9(Zawgyi)

5.3K 530 23
                                    

အေဒီ (၁၁ရာစု)တွင်။

ပုဂံပြည့်ရှင်မင်းကြီးဖြစ်သော အနော်ရထာဘုရင်ဟာ တရုတ်ပြည်ကြီးကနေ ပြန်လာချိန် တောင်ပြုံးအရပ်၌တစ်ခေါက်နားတော်မူသည်။ထိုသို့နားနေသောနေရာတွင်စေတီတော်တစ်ဆူ တည်ထားစေပြီး တောင်ပြုံးအရပ်မှ လူတစ်ဦးလျင် သဲတစ်ဆုပ်၊အုတ်တစ်ချပ် မဖြစ်မနေ ပါဝင်ရမည်ဟုမိန့်ကြားတော်မူခဲ့သည်။စစ်သည်များ၊မင်းမူထမ်းများအပါအဝင် အရပ်သူ၊ရပ်သားအားလုံး ဤအမိန့်တော်အား မလွှဲမသွေလိုက်နာကြရမည်ဖြစ်သည်။

ထိုအချိန် တရုတ်ပြည်မှ တာဝန်တစ်ခုကို ပြီးမြောက်စေခဲ့သောကြောင့် အရှင်ဘုရင် မြောက်စားထားရာအရပ်တွင် ရွှေဖျဉ်းညီနောင်ရှိနေခဲ့ကြသည်။အမိန့်တော်ကို မသိရှိခဲ့သောကြောင့် စေတီပြီး၍ ဘုရင်မင်းမြတ် ကြွချီပြီး ကြည့်ရှူတော်မှုတဲ့အခါ စေတီတော်တွင် အုပ်နှစ်ချပ်လွတ်နေသည်အား တွေ့ရှိသွားခဲ့သည်။ဤတရားခံနှစ်ဦးအား မည်သူနည်းဟု အနော်ရထာမေးမြန်းသောအခါရွှေဖျဉ်းညီနောင်နှစ်ဦးဖြစ်ကြောင်းလျှောက်တင်ကြကုန်၏။

ရာဇဝင်မှာ လူစွမ်းကောင်းအမည်တွင်သော ဗျက်ဝိ၊ဗျက်တညီနောင်နှစ်ဖော်တွင် ညီဖြစ်သူ ဗျက်တနှင့် ပုပ္ပါးတောင်တော်သခင်မ မယ်ဝဏ္ဏတို့၏ သားတော်နှစ်ပါးလည်းဖြစ်သလို မင်းကြီး အနော်ရထာကိုယ်တိုင် သူ၏မြေးတော်များပမာ ချီးမြင့် မြောက်စားခဲ့သည်။ညီနောင်နှစ်ဦးမှာ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်စွာ ထိုးဖောက်ဝင်ရောက်ရသော အထူးစစ်သည်တော်များအဖြစ် မင်းကြီးထံ အမှုတော်ထမ်းခဲ့ကြသည်။

ထိုအရာကို မနာလိုသူတချို့ က ဤအုတ်နှစ်ချပ်လွတ်နေခြင်းအား အပြစ်ကြီးရန် လျှောက်တင်ကြသည့်အခါ အနော်ရထာမင်းကြီး အပစ်ပေးပုံက 'ရွှေဖော့တုံးဖြင့် ဆုံးမစေ'ဟု မိန့်ကြားခဲ့သော်လည်း တကယ့် လက်တွေ့မှာတော့ မင်းအမိန့်ဟုဆိုကာ ကြိုးတုတ်၍ လည်မြိုသို့ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့ကြသည်။

ဒီအကြောင်းကို မင်းကြီးသိသော် ထိုနယ်မြေကို ရွှေဖျဉ်းညီနောင်တော်အား အပိုင်စားပေးကာ ကိုယ်တော်ကြီး၊ ကိုယ်တော်လေး နတ်မင်းနှစ်ပါးအဖြစ် တောင်ပြုံးအရပ်တွင် နတ်ကွန်းများဆောက်ပေးခဲ့သည်။သတ်ဖြတ်ခဲ့ရာတွင် ညီနောင်နှစ်ပါးတင်မက ထိုညီနောင်နှစ်ပါးအဖိုးဟု ခေါ်သော အထိန်းတော်ပရောဟိတ် ပုဏ္ဏားဆရာကြီးကိုရော တပါတည်း သတ်ပစ်ခံခဲ့ရသည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Tempat cerita menjadi hidup. Temukan sekarang