Ep-5(Unicode)

12K 1.7K 112
                                    


နန်းမြို့ရိုးတစ်လျောက် သူ့နောက်လိုက်နေရင်း မြို့တံခါးဝမှာ ရပ်နေတဲ့ ဟိုနှစ်ယောက်ကြောင့် ခြေလှမ်းနေတာတန့်သွားသည်။ မသိမသာလှမ်းကြည့်တော့ မိမိဘက်ကို ကျောပေးနေတာကြောင့် ကြောက်စိတ် သိပ်မရှိတော့။ခပ်လှမ်းလှမ်းမှ ရိုးကိုရပ်စောင့်နေသော သူ့ဆီကိုသာ အမြန်သွားလိုက်သည်။ ဘေးပတ်ဝန်းကျင်ကို အကဲခတ်မိတော့ မည်သူတစ်ဦးတစ်ယောက်မှ မရှိပဲ တိတ်ဆိတ်ကာရှင်းလင်းနေ၏။

"ဒီဝန်းကြီးထဲမှာ အစောင့်ဆိုလို့ အစ်ကိုနဲ့ ဟိုနှစ်ယောက်ပဲရှိတာလား"

ဘေးချင်းယှဉ်သွားနေရင်း ခေါင်းတစ်လုံးကျော်မျှပိုနေသော အလင်္ကာကိုမော့ကြည့်ကာ မေးလိုက်သည်။ထိုအခါ ဓားကိုင်ထားတဲ့ လက်ကို ဘယ်ဘက်သို့ပြောင်းလိုက်ပြီး ညာဘက်လက်ကို ရိုးဆီသို့ တိုးပေးလာသည်။

"ကျွန်ုပ်လက်ကို ခဏလောက်ထိကြည့်လိုက်ပါ အသင်"

ဓားရေးလေ့ကျင့်ထားသောကြောင့် သန်မာတဲ့ လက်ဖဝါးပြင်တို့ဟာ ရိုးရဲ့လက်ပျောက်ကွယ်သွားသည်အထိ ဆုပ်ကိုင်ထားလို့ရသည်။သူ့လက်ကို တွဲလိုက်ပြီးတာနှင့်တစ်ပြိုင်တည်း ပတ်ဝန်းကျင်မှာ အသံတွေကြားလာရတာကြောင့်​ကြည့်လိုက်တော့ သက်ရှိလူသားတချို့ အပါအဝင် မြို့ရိုး၏ ထောင့်တွေ ၊ လမ်းမတွေ၊ပြသာဒ်တွေပေါ်မှာ လူပုံသဏ္ဌာန်လို အရာတွေရှိနေသည်။ထို့နောက် သစ်ပင်ကြီးတွေဘေးမှာလည်းဘာမှန်းမသိတဲ့ အရိပ်မည်းမည်းကြီးတွေပါရှိနေတာကြောင့် ဆက်မကြည့်တော့ဘဲသူ့လက်ကို ဖြုတ်ချလိုက်ပြီး။

"အများကြီးပဲ"

"ဟုတ်တာပေါ့ အသင် အများကြီးရှိနေပါတယ် "

"ဒီအတိုင်း ဘာမှ မမြင်ရတာပဲကောင်းတယ်၊ ကျွန်တော့်ကို မြို့ရိုးအကြောင်း ရှင်းပြပါအုံး"

"ကောင်းပါပြီ အသင်"

"ဒါနဲ့ .... ဟိုနှစ်ယောက်ရဲ့ပုံစံနဲ့ အစ်ကို ပုံစံက ဘာလို့မတူတာလဲ ။ ဟို...စိတ်မရှိပါနဲ့နော် အစ်ကိုကျ ဒဏ်ရာတွေရှိမနေဘဲ သက်ရှိလူတစ်ဦးလိုဖြစ်နေတယ်"

"ဒါက အသင်နားလည်အောင်ပြောရရင် ကျွန်ုပ်က တပ်မှူးရာထူးရှိတဲ့အပြင် ဘွဲ့နာမည်ကြောင့် မူလသဏ္ဌာန်ကို ဖုံးကွယ်ထားလို့ရတယ်"

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Donde viven las historias. Descúbrelo ahora