Ep-17(Unicode)

8.2K 1.4K 99
                                    


သန်းခေါင်ယံအချိန်မို့ လေတိုးသော သစ်ကိုင်းခတ်သံတို့နှင့် မြစ်ရေ စီးသံတို့ ရှင်းလင်းစွာကြားနေရသည်။မျက်လုံးမှိတ်ထားသော်လည်း မအိပ်ပျော်။ ခေါင်းပေါ်မှ တဆင့် မျက်ခုံး၊ မျက်လုံး၊နှာတံတို့ကို ထိတွေ့နေသော လက်ချောင်းလေးများအား ခံစားသိရှိနေမိသည်။

ထို့နောက် နှုတ်ခမ်းဆီသို့ ခပ်ဖွဖွလေး တို့ထိ လာတဲ့ အလင်္ကာလက်တွေကြောင့် ဆက်ပြီး ငြိမ်မနေနိုင်တော့။ ခေါင်းအုံးထားတဲ့ သူ့ပေါင်ပေါ်က တောင်ရှည်စကို လက်နဲ့ဆုပ်ကိုင်လိုက်မိသည်အထိ အိပ်ချင်ယောင် မဆောင်နိုင်လောက်အောင် အူတွေ အသည်းတွေ ယားနေသည်။

လှုပ်ရှားမှုကြောင့် သူ့လက်တွေ ရိုးမျက်နှာပေါ်ကနေ ဖယ်ခွာသွားပြီး နိုးနေတာသိတော့ မထိရဲတော့သလိုမျိုး။ သို့သော် နှဖူးပြင်မှ နွေးခနဲ အထိအတွေ့တစ်ခုကြောင့် မျက်လုံးကို အမြန်ဖွင့်ကြည့်လိုက်သည်။

"ဟင် ....."

အလင်္ကာက မျက်လုံးမှိတ်ကာ တည်မြဲအတိုင်းရှိနေပြီးခါးကို မတ်ကာ ထုဆစ်ထားသော ပန်းပုရုပ်ထု တစ်ခုလို ငြိမ်သက်လျက်။ ကိုယ်တိုင်ကပဲ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား။ခေါင်းကြွပီး သူ့မျက်နှာကို သေချာကြည့်ပေမယ့် မှိတ်ထားသော မျက်စံများ လှုပ်ရှားမှုမရှိပေ။

"ရိုးသစ္စာ မင်းတော့ ရူးနေပြီ ။ သူက ဘာလို့ အဲ့လို လုပ်မှာလဲ။ မကြုံဖူးတာတွေကြုံပြီး လွတ်သွားတာများလား"

တစ်ယောက်တည်း တိုးတိုးရေရွတ်ကာ သူ့ပေါင်ပေါ်သို့ ခေါင်းပြန်အုံးမည်အပြု ရှေ့တည့်တည့်မှ မြင်ရသော အရာကြောင့် ငုတ်တုတ် ပြန်ထိုင်မိသည်။ ရေသဖန်းပင်ကြီးရဲ့ အကိုင်းတစ်ခုမှာ လွင့်မြောနေနဲ့ အဖြူရောင် သဏ္ဌာန်လေး။ ဟိုဘက်ကိုင်း ဒီဘက်ကိုင်းသို့ လေနှင်ရာရွေ့နေသော တိမ်ဆိုင်လေးတစ်ခုပမာ။ ကြည့်နေစဉ်မှာပဲ တဖြည်းဖြည်းကြီးထွားလာပြီး လူတစ်ယောက်ကဲ့သို့ မျက်နှာပြင်တစ်ခု ပေါ်လာသည်။ခန္ဓာကိုယ်တော့ မပေါ်သေး တိမ်ထုမှာ မျက်နှာပြင်တစ်ခုပဲ ရှိနေတာ။

" အ... အစ်ကို "

အလင်္ကာရဲ့​အကျကို ဆွဲကိုင်ကာနိုးသော်လည်း မျှော်လင့်သလို အနီရောင်မျက်ဝန်းတို့ပွင့်မလာခဲ့။တဖြည်းဖြည်းကြီးထွားလာတဲ့ အဖြူရောင် သဏ္ဌာန်က လူတစ်ယောက်ပုံစံပေါ်လာပြီး ရေသဖန်းပင်ပေါ်ကနေ ဆင်းလာနေသည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Donde viven las historias. Descúbrelo ahora