Ep-14(Zawgyi)

4.3K 444 22
                                    

ညခင်းအလင်းရောင်နည်းပါးနေသောအချိန်မှာ သာနုနယက မြို့စားမင်း၏ အဆောင်တော်ဘေးမှ စိန်ပန်းပင်ကြီးပေါ်တွင်ရှိနေသည်။ညနေခင်းက မြင်တွေ့ခဲ့ရတဲ့ အကြောင်းအရာတို့ကို မင်းသား ဒီနပတိအား လျှောက်တင်ရန် တေးမှတ်ထားသော်လည်း အဆောင်တော်ပြန်ရောက်တဲ့ အခါ နှစ်သက်မြတ်နိုးမိသော မင်းသမီး အကြောင်းကို ကြည်နူးစွာပြောပြနေသော မင်းသားကြောင့် သာနုနာ အစီအစဉ် မအောင်မြင်ခဲ့။ ထို့ကြောင့် အကြောင်းပြချက် တစ်စုံတစ်ရာ ရှိပြီး သူတို့ဖုံးကွယ်ထားတဲ့ အမှန်တရားကို ထပ်စုံစမ်းရန် ရောက်နေခြင်းပင်။

အမွှေးတိုင် တစ်တိုင်ကုန်သည့် အချိန်တွင် မြို့စားမင်းအဆာင်တော်ထဲက ထွက်လာပြီး သူ၏နောက်တွင် မင်းသား ရတ္တမဏိလိုက်ပါလာသည်။မာန်ထန်နေသော မျက်ထားနှင့် စိတ်ရှုပ်နေသော မြို့စားမင်းက သူ့နောက်မှာ ခေါင်းငုံ့ကာ ရပ်နေသော မင်းသားဘက်ကို လှည့်ကာ

"သဘာဝ တရားကိုဆန့်ကျင်ပြီး မိုက်မဲရလောက်အောင်ထိ မင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့နေတာမှ မဟုတ်တာ အဖေပြောတာ နားလည်တယ်မလား"

"ဟုတ်ကဲ့ သားနားလည်ပါတယ်"

"အေး... ဒါဆို ဒီအိမ်တော်ကနေ သေသူလို ရှောင်ထွက်သွားခိုင်းတာကို မင်းအပြစ်မဆိုနဲ့ ၊ မင်းရဲ့ အမတော်ရဲ့ အနာဂတ်၊ နောက်ပြီး ဒီအိမ်တော်ကို အရှင်ဘုရင် မျက်စိကျစေဖို့အတွက် သားဖြစ်တဲ့ မင်းက မိသားစုအတွက် စွန့်လွတ်နိုင်ရမယ်။ ငါ့နေရာ ဆက်ခံဖို့အတွက်တော့မပူနဲ့ လေးနှစ်အရွယ် မင်းရဲ့ ညီတော် အရွယ်ရောက်တဲ့အထိ ငါအသက်ရှင်နေအုံးမှာမို့ စိတ်ဖြောင့်ဖြောင့်နဲ့သာ သွား"

"............"

မြို့စားမင်းက ပြောစရာရှိတာပြောပြီး အဆောင်ထဲ ၀င်သွားတဲ့အထိ ရတ္တမဏိက နေရာမှာတင်ခေါင်းငုံ့ကာ ရပ်နေသည်။သူကိုယ်တိုင်မပြောနှင့် အပင်ပေါ်က ကြားနေရသော သာနုနယတောင် မြို့စားမင်းရဲ့ စကားတွေက ဖခင်တစ်ယောက်မှ ဟုတ်ရဲ့လားလို့ သံသယ၀င်မိသည်အထိ ရင့်သီးလွန်းလှသည်။ စကားတွေက အဆက်ဆက်မရှိပေမယ့် အကြောင်းအရာကို သာနုနယ တဖြည်းဖြည်း သဘောပေါက်လာပြီဖြစ်သည်။ အစေခံမပါသော သခင်လေးတစ်ပါးကတော့ အသက်မပါသော ခြေလှမ်းတွေဖြင့် တရွေ့ရွေ့ ဦးတည်သွားရာနောက် လိုက်ခဲ့ချိန် မင်းသားဒိနပတိရဲ့ အဆောင်တော်ကို ဆိုက်ရောက်လေသည်။ မီးအလင်းရောင် အနည်းငယ်ရသော အခန်းကို ကြည့်ကာ တိတ်တစ်ဆိတ်မျက်ရည်ကျလာသော သခင်လေးကို သာနုနယ အပင်ကွယ်ကနေရပ်ကြည့်နေပြီး သူ့ခံစားချက်ကိုနားလည်လာသည်။ သို့သော် ကူညီဖို့လည်း မစွမ်းသာနိုင်။တိုင်းပြည်တစ်ပြည်က မင်းသားတစ်ပါး ချစ်မြတ်နိုးတဲ့လူဟာ အသွင်တူတဲ့ ယောကျာ်းပျိုတစ်ဦး ဆိုတာသာ ဘုရင့်ရဲ့ရွှေနားတော် ပေါက်ကြားသွားခဲ့ရင် မင်းသားဒီနပတိရော သခင်လေး ရတ္တမဏိတို့ နှစ်ယောက်လုံး အသက်ရှင်နိုင်ဖို့ လမ်းမမြင်။ ဒါကြောင့် ကိုယ်ရံတော်မဟုတ်သော်လည်း ရောင်းရင်းတစ်ယောက်အနေဖြင့် မင်းသားရဲ့ အသက်ကို ကာကွယ်ရမည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Nơi câu chuyện tồn tại. Hãy khám phá bây giờ