လွင့်ပြယ်ခဲ့လေသော..(၂)

243 34 3
                                    

၅နှစ်ခန့်ကြာသော်....

"သစ်ခက်"

"ဗျာ..ကိုကို"

"ဒီကိုခဏလာဦး"

ခေါ်လိုက်တော့အပြေးရောက်လာသည်။အတိတ်မေ့နေသောဒီကလေးဟာသနားစဖွယ်..။ဇိုင်းအသူရာဆီဒီကလေးငယ်ဘယ်လိုဘယ်ပုံရောက်လာမှန်းတော့မည်သူမျှတိတိကျကျမသိကြပေ။
အဘယ်ကြောင့်ဆိုသော်ထိုကလေးရောက်လာချိန်မှစ၍အိမ်အကူများအားအကုန်အသစ်လဲလိုက်ခြင်းကြောင့်ဖြစ်သည်။

ရောက်လာပုံမှာ....
လွန်ခဲ့သောငါးနှစ်ကဇိုင်းကမြန်မာနိုင်ငံကိုမသွားမဖြစ်ကိစ္စတချို့ကြောင့်ပြန်သွားခဲ့ရသည်။ထိုကိစ္စပြီး၍လေဆိပ်သို့လာရာလမ်း၌အက်ဆီးဒင့်တစ်ခုနှင့်ကြုံခဲ့၏။မနေနိုင်မထိုင်နိုင်သူပဲဆေးရုံပို့ပေးအစအဆုံးကူညီပေးနှင့်ဒီကလေးအပေါ်သံယောဇဉ်ဖြစ်သွားခဲ့ရသည်။ကလေးကလည်းအသက်ပြင်းသည်ထင်ရဲ့..။ဒဏ်ရာကြီးတာတောင်အသက်ကမျှင်းမျှင်းရှူနေသေးသည်။

ကလေးသတိရလာတော့အတိတ်ကိုမေ့လျော့သွားခဲ့ပြီးယုတ်စွအဆုံးနာမည်ကိုပင်မမှတ်မိတော့ချေ။ထို့ကြောင့်ဇိုင်းကကလေးနှင့်ပတ်သက်တာများကိုစုံစမ်းကြည့်တော့ကလေးကအိမ်ထောင်ရှိအမျိုးသားတစ်ဦးပါတဲ့လေ..သူ့ခင်ပွန်းဖြစ်သူကတော့စိတ်ပျက်ဖို့ကောင်းစွာမိန်းမလိုက်စားလွန်းလှပြီးသစ်ခက်သေပြီဟူသောသတင်းကြားပြီးမကြာမီပင်မိန်းမတစ်ယောက်နှင့်အိမ်ထောင်ပြုသွားခဲ့သည်။မကြာသေးမီကပင်နောက်တစ်ယောက်နှင့်အိမ်ထောင်ထပ်ပြုခဲ့ပြီးမိန်းမများနှင့်ရှုပ်မြဲရှုပ်ဆဲ..။ကလေးကိုသေပြီဟုသာသတင်းလွှင့်ခဲ့ပြီးသူနှင့်အတူကနေဒါသို့ခေါ်လာခဲ့သည်။သွေးအေးလွန်းသည့်ဇိုင်းဟာနောက်ဆုံးတော့အမှတ်တမဲ့တွေ့ဆုံခဲ့သောကလေးတစ်ယောက်အားသံယောဇဉ်တွဲခဲ့သည်တဲ့လား...။

"ကိုကို...ကိုကို!!"

ခေါ်တာလည်းမကြားသောကြောင့်သစ်ခက်ကဇိုင်းရဲ့နားနားကပ်ကာအော်လိုက်သည်။ဒီတော့မှ

"ဟင်..ကလေး..ဘာဖြစ်လို့လဲ"

"ကိုကိုကကျွန်တော်ခေါ်နေတာလည်းမကြားဘူးဗျာ။မကြားချင်ယောင်ဆောင်တယ်။"

လွင့်ပြယ်ခဲ့လေသော..(Short story)Where stories live. Discover now