လွင့်ပြယ်ခဲ့လေသော...(၅)

130 17 2
                                    

"ပြန်ကြမယ်ကလေး ကိုယ်ခေါင်းနည်းနည်းမူးချင်လာလို့"

"ဟမ် ကိုကိုအဆင်ပြေရဲ့လားဟင်...နေလို့မကောင်းရင်ပြန်ကြမယ်လေ။"

သစ်ခက်ကဟိုစမ်းဒီစမ်းလုပ်နေပြီးတော့မှ..

"ဟာ..ကျွန်တော့်အိတ်ကကားထဲမှာကျန်ခဲ့တာပဲ။ဆေးလည်းအဲ့မှာ..ကိုကိုသွားကြမယ်နော်"

"သွားမယ်ကလေး"

"အကြွင်းလာ သွားမယ်"

"အင်းအင်း ငါနောက်ကလိုက်ခဲ့မယ်။မင်းတို့သွားနှင့်"

"အင်း"

ကလေးကြည့်ရတာယိုးဖွဲ့မောင်ကိုမြင်လိုက်သည့်အကြောင်းအားမေ့သွားဟန်တူသောကြောင့်ဇိုင်းကြိတ်၍သာသက်ပြင်းချမိသည်။

ကလေးသူ့ကိုမှတ်မိရုံလေးဆိုရင်တောင်ဇိုင်းမကြိုက်ပါ။ဇိုင်းဟာဖြစ်နိုင်ရင်ကလေးအားသူတစ်ယောက်တည်းသိနိုင်မည့်ကမ္ဘငယ်လေးတွင်သာဝှက်ထားချင်ခဲ့သည်မို့...။

*************
သစ်ခက်တို့ကလမ်းလျှောက်တာမြန်လွန်းသည်။နောက်ကမီအောင်လိုက်နေသော်လည်းတစ်ချက်လောက်ဟိုဒီငေးမိသည်နှင့်မျက်ခြေပြတ်သွားရပြီ။သို့သော်ကားရပ်ထားရာနေရာကိုမှတ်မိနေသည်မို့ကိုယ့်ဟာကိုယ်သာလျှောက်လာခဲ့တော့သည်။

နောက်မှဆူညံသံများအော်သံများကြား၍နောက်ကိုလှည့်ကြည့်ရာလူတစ်စုမှသူတို့သူငယ်ချင်းကိုခေါ်နေကြခြင်းဖြစ်ဟန်တူသည်။ထို့ကြောင့်ရှေ့သို့ပြန်လှည့်သည့်အခိုက်...

ဒုတ်*

လူတစ်ဦးနှင့်ဝင်တိုက်ကာထိုသူ့ထံမှစာအုပ်များပြုတ်ကျလာသောကြောင့်အကြွင်းစိတ်ရှုပ်သွားရကာ စာအုပ်များကိုပြန်ကောက်ပေးလိုက်ပြီးပြန်အထတွင်ထိုသူကလည်းပြန်ထလာသောကြောင့်...

*ဒုတ်*

"အ.!"

"အ..!"

ခေါင်းချင်းဆောင့်မိပြန်၏။အကြွင်းစိတ်တိုလာသောကြောင့်သူ့ထက်ခေါင်းတစ်လုံးပိုရှည်နေသောထိုသူ့ကိုမော့ကြည့်ကာရန်တွေ့ရန်ပြင်ရာတွင်....

မြင်လိုက်ရသောမျက်နှာကြောင့်သူကြောင်အသွားရသလိုထိုသူကလည်းအံ့ဩသွားဟန်တူ၏။ထို့နောက်ပြိုင်တူထွက်လာသောအသံနှစ်ခု.။

လွင့်ပြယ်ခဲ့လေသော..(Short story)Where stories live. Discover now