"အဲ့တော့မင်းဘယ်လိုဆက်လုပ်မှာလဲသစ်ခက်"
အတိတ်မှအရာအားလုံးကိုအကြွင်းအားပြောပြလိုက်ပြီးနောက်ထွက်ပေါ်လာပါသောအမေးစကား။
"မင်းပြော..ငါဘယ်လိုလုပ်ရမလဲ"
"ငါမေးမယ်..မင်း...ယိုးဖွဲ့မောင်ကိုချစ်သေးလား"
သစ်ခက်ခဏတာတိတ်ဆိတ်သွားပြီးမှ....
"ငါ..မသိဘူး"
"ဘာ!"
"ကျစ်!နေဦးကွ။ငါလေဒီငါးနှစ်အတွင်းမှာ...ပထမတစ်နှစ်မှာကွာ..ငါအသိစိတ်မှာမောင့်ကိုမမှတ်မိတော့ပေမယ့်မသိစိတ်မှာတော့သူ့ကိုမှတ်မိနေသေးတယ်။အိမ်မက်ထဲတွေမှာလည်းတစ်ခါတစ်ခါသူ့ကိုမက်တယ်"
"အဲ့တော့..?"
"နောက်ဒုတိယနှစ်..တဖြည်းဖြည်းနဲ့ငါမောင့်ကိုမသိစိတ်ကပါအရမ်းကြီးစွဲမနေတော့ဘူး။ကိုကိုကြောင့်...ကိုကိုကငါ့ကိုအရမ်းဂရုစိုက်တာ။ငါ့ကိုလည်းချစ်တယ်။..နောက်တတိယနှစ်...ငါ့မသိစိတ်မှာပါမောင့်ကိုလုံးဝမေ့သွားခဲ့ပြီးပြီ၊သိပ်မကြာခင်မှာကိုကိုကငါ့ကိုproposeလုပ်တယ်၊ငါလက်ခံလိုက်တယ်။ဒါတွေမင်းသိပါတယ်။နောက်တမြန်နှစ်ကနဲ့မနှစ်တုန်းကငါနဲ့ကိုကိုရဲ့ဘဝကပုံမှန်ပဲ..သူများတွေရဲ့marriage lifeအတိုင်းပါပဲ။ဒါပေမယ့်ကိုကိုကငါ့ကိုတခြားအရာတွေထက်ပိုဦးစားပေးတယ်။ပိုချစ်တယ်။ပိုဂရုစိုက်တယ်။မောင့်ကိုလုံးလုံးလျားလျားငါမေ့သွားခဲဲ့ပြီ။လွန်ခဲ့တဲ့ငါးနှစ်ကနေပြီးခဲ့တဲ့အက်ဆီးဒင့်မဖြစ်ခင်အချိန်ထိမောင်ကငါ့အတွက်သူစိမ်းတစ်ယောက်ဖြစ်နေခဲ့တာ.."
"မင်းကရောကိုဇိုင်းကိုချစ်ရဲ့လား"
သစ်ခက် အကြွင်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးခေါင်းကိုပြန်ငုံ့လိုက်သည်။ထို့နောက်အသံတိုးတိုးလေးထွက်ပေါ်လာခဲ့သည်။
"ချစ်တယ်"
"ယိုးဖွဲ့မောင်ကိုရော?"
"သူကငါ့အချစ်ဦး...ဖြစ်ခဲ့ရုံ။ငါသူ့ကိုသိပ်ချစ်ပါတယ်။ဟင့်အင်း..သိပ်ချစ်ခဲ့တာ။အတိတ်တချိန်တုန်းကသူ့ကိုငါချစ်ခဲ့ပါတယ်။"
"မင်းကကွာ!အဲ့လိုဆိုကိုဇိုင်းကိုချစ်ရဲ့သားနဲ့ဘာလို့နှင်ရတာလဲ၊သူ့ခမျာစိတ်မကောင်းဖြစ်နေရှာမှာ"
YOU ARE READING
လွင့်ပြယ်ခဲ့လေသော..(Short story)
القصة القصيرةအတိတ်များဟာလွင့်ပြယ်ခြင်းဆီသို့ဦးတည်လျက်... ပစ္စုပ္ပန်နှင့်အနာဂတ်ဟာပိုမိုကောင်းမွန်လာဖို့ရည်ရွယ်ရင်း... Short Story