လွင့်ပြယ်ခဲ့လေသော...(၄)

141 23 10
                                    

မနေ့ညကဘယ်အချိန်မန္တလေးကိုရောက်လာမှန်းမသိ...။ကားပေါ်မှာတင်သစ်ခက်အိပ်ပျော်သွားပြီးနိုးလာတော့လည်းအိပ်ချင်မူးတူးဖြစ်နေသောကြောင့်ရောက်လာသောအချိန်ကိုသစ်ခက်မသိလိုက်ပါ။အခုတော့ကိုကို့ကိုပြောကာသစ်ခက်တစ်ယောက်တည်းဟိုတယ်ကိုဟိုပတ်ဒီပတ်လိုက်ပတ်ကြည့်နေသည်။

ဟိုတယ်မှာကနေဒါမှဟိုတယ်များကိုမမီသော်ငြားအတော်ပင်ခမ်းနားလှသောကြောင့်သစ်ခက်သဘောကျသည်။လျှောက်သွားရင်းနှင့်ဟိုတယ်အောက်ဆုံးထပ်သို့ပင်ရောက်လာခဲ့ပြီ။

ထိုအခိုက်တစ်စုံတစ်ယောက်ကသစ်ခက်ကိုစိုက်ကြည့်နေသလိုခံစားရသောကြောင့်ဘေးဘီတစ်ချက်ဝေ့ဝဲကြည့်လိုက်တော့ဦးထုပ်အနက်ရောင်၊နေကာမျက်မှန်အနက်ရောင်၊Maskအနက်ရောင်အပြင်အင်္ကျီဘောင်းဘီအကုန်အနက်ရောင်ဖြစ်သောAll blackလူသားကသူ့ကိုစိုက်ကြည့်နေ၏။

သစ်ခက်အကြည့်ပြန်လွှဲလိုက်သည်။သို့သော်ထိုလူ့အားမြင်ဖူးနေသလို....

ဟာ!အဲ့ဒါ..အဲဒါက..

သစ်ခက်ပြန်လှည့်ကြည့်လိုက်တော့ထိုလူကနေရာမှထကာသူ့ဆီလျှောက်လာနေသည်။

"အကြွင်း!မင်းအကြွင်းမဲ့မလား"

ထိုအခါAll Blackလူသားကရှေ့တွေနောက်တွေကြည့်နေပြီးမှသူ့ကိုကြည့်လာကာ...

"သူတောင်းစား!"

"ဟ..အသားလွတ်ကြီး"

"မင်းမှငါ့ကိုမမှတ်မိတာကွ!သူငယ်ချင်းလေးဒီတစ်ယောက်ရှိပါတယ်။ငါနဲ့မတွေ့တာနှစ်ရက်ပဲရှိသေး..ငါ့ကိုမေ့သွားပြီဆိုတော့..နေဦး..နောက်တစ်ခါမမှတ်မိရင်ငါမင်းကိုချောင်းရိုက်မှာ"

"ငါကမင်းကိုမမှတ်မိလို့...မဟုတ်တာတွေလာမလုပ်နဲ့အကြွင်း!မင်းတစ်ကိုယ်လုံးဘာမှမမြင်ရအောင်နက်မှောင်နေတာကိုငါကမှတ်မိစရာလား..နေစမ်းပါဦး..တစ်ကိုယ်လုံးမျက်နှာလည်းမမြင်ရခန္ဓာကိုယ်လည်းမမြင်ရအောင်ဝတ်လာတာမင်းကနေရောင်ထိတာနဲ့သေမယ့်ကောင်မို့လို့လား"

"ကိုယ့်သူငယ်ချင်းကိုကွာ မင်းမို့လို့ပြောရက်တယ်"

"ဒါပေါ့ ပြောရက်တယ်"

လွင့်ပြယ်ခဲ့လေသော..(Short story)Where stories live. Discover now