လွင့်ပြယ်ခဲ့လေသော...(၁၁)Final

212 24 7
                                    

Love & Peace Hotelနားမှကော်ဖီဆိုင်လေးတစ်ဆိုင်တွင်ဖြစ်သည်။ဆိုင်ကလေး၏နေရာအတော်တော်များများတွင်အညိုရောင်ဖျော့ဖျော့များဖြင့်အလှဆင်ထားပြီးပန်းများသစ်ခက်များကိုလည်းရောကာအလှဆင်ထားသည်။ဤဆိုင်ကလေးသို့ရောက်လျှင်မည်သို့မည်ပုံမှန်းခွဲခြားမရနိုင်သောခံစားချက်တို့ဟာအလုအယက်တိုးဝှေ့ဝင်လာတတ်စမြဲ။

ဆိုင်ထဲတွင်စားပွဲခုံများမှာတစ်ခုံနှင့်တစ်ခုံကိုအတော်အတန်ခွာထားသည်။မနက်(၈)နာရီပေမို့ကော်ဖီဆိုင်လေး၌လူတော်တော်များများရှိနေပေသည်။ထိုလူများထဲတွင်ယိုးဖွဲ့မောင်သည်လည်းအပါအဝင်ဖြစ်၏။လာရင်းအကြောင်းမှာသစ်ခက်ညိုကတွေ့ဖို့ချိန်းသောကြောင့်ဖြစ်သည်။

ရှစ်နာရီထိုးပြီးနောက်မိနစ်လက်တံကတစ်ဆယ်သို့ပြလုအချိန်တွင်ကော်ဖီဆိုင်လေး၏တံခါးမှာပွင့်လာပြီးသစ်ခက်ညိုဝင်လာလေသည်။

"သစ်ခက်"

"ဟုတ် ထိုင်လေ"

နှစ်ယောက်လုံးထိုင်လိုက်ကြပြီးသစ်ခက်ကတော့ခဏကြာတိတ်ဆိတ်နေမိသည်။

သူ့ရှေ့မှာချထားတာMochaပဲ။ချောကလက်နံ့သင်းသင်းနှင့်mochaဟာသူ့အကြိုက်။ဒါကိုတော့မောင်မှတ်မိသေးသားပဲ။

မောင့်ရှေ့မှာတော့မောင်သောက်နေကျCappuccinoပင်ဖြစ်နေမည်။ဟုတ်သည်။

"မောင့်ကိုတစ်ခုခုပြောစရာရှိလို့လား"

"ဟုတ် ကျွန်တော်.."

မောင့်မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်ပြီးမှ...

"ကျွန်တော်ကိုကိုနဲ့ကနေဒါပြန်လိုက်သွားမလို့ပါ"

"ဪ.."

"ကျွန်တော်အရင်တစ်ခေါက်မေးတဲ့မေးခွန်း??အဖြေရှိပြီလား"

အရင်တစ်ခေါက်...။ဆေးရုံတက်နေစဉ်ယိုးသွားတွေ့တုန်းကမေးတဲ့မေးခွန်းကိုပြောလိုဟန်ရှိသည်။

"အင်း..ဘာမှတော့မဟုတ်ပါဘူး။မောင်ကဒီတိုင်းလောဘကြီးမိသွားတာ"

"ဟုတ်..ကျွန်တော်ကနေဒါကိုဒီရက်ပိုင်းအတွင်းပဲပြန်တော့မှာ။ဒီတစ်ခေါက်ကပြောရရင်နောက်ဆုံးတွေ့တာပေါ့။မဆွေးသဒ္ဒါကိုကောင်းကောင်းဂရုစိုက်လိုက်ပါ။ကျွန်တော့်တုန်းကလိုသူ့ကိုမဖြစ်စေချင်ဘူး"

လွင့်ပြယ်ခဲ့လေသော..(Short story)Where stories live. Discover now