လွင့်ပြယ်ခဲ့လေသော...(၆)

111 20 4
                                    

“Wow!!!..အပေါ်စီးကနေမန္တလေးတစ်မြို့လုံးကိုလှမ်းမြင်ရတာမိုက်လိုက်တာ။..အကြွင်း..ကိုကို..လာကြည့်ကြဒီမှာ”

မန္တလေးတောင်ပေါ်ရောက်သည်နှင့်အရာအားလုံးကိုတဝိုးဝိုးတဝါးဝါးလုပ်နေသောသစ်ခက်ကိုကြည့်ကာဇိုင်းကတော့ပြုံးလျက်ရှိနေ၏။

သို့ပေသော်ငြားအကြွင်းမဲ့မှာမူရှိသမျှနတ်တကာအကုန်ကျေးဇူးလိုက်တင်နေပါ၏။

ဘာတဲ့?ကျွန်တော့်ကိုသစ်ခက်မောင်းတဲ့ကားပေါ်ကနေအသက်ရှင်လျက်မြေပေါ်ခြေချခွင့်ထပ်ပေးခဲ့လို့ရှိသမျှနတ်တွေအကုန်ကျေးဇူးတင်ပါတယ်ဆိုလား..။

သစ်ခက်ကတော့ဒီလောက်တောင်ဖြစ်နေတဲ့အကြွင်းကိုဘေးနားမှာတွေ့တဲ့အုတ်ခဲနှင့်ကောက်ထုချင်သော်လည်းရှုခင်းများကြောင့်ထုရမည့်ကိစ္စကိုလည်းမေ့လျော့သွားခဲ့လေပြီ။

သစ်ခက်၏ခေါ်ဆိုမှုကြောင့်ဇိုင်းရောအကြွင်းပါရှုခင်းများကြည့်နေကြစဉ်ရုတ်တရက်နောက်မှ...

"သစ်ခက်."

ဆိုသောအသံနှင့်အတူ..

"ကြွင်းငယ်"

အသံနှစ်ခုကြောင့်သစ်ခက်နှင့်အကြွင်းသာမကဇိုင်းပါလှည့်ကြည့်လိုက်မိသည်။

ထိုသူတို့မှာ...

ဘယ်ဘက်တွင်ယိုးဖွဲ့မောင်နှင့်သူ့ဇနီးဆွေးသဒ္ဒါ...။

ညာဘက်တွင်မိုးမြေဝသုံနှင့်သူ့သူငယ်ချင်းသုံးယောက်...။

"မိုးမြေဝသုံ!မင်း..ငါနဲ့လိုက်ခဲ့.."

အကြွင်းကပြောပြီးသည်နှင့်မိုးမြေဝသုံဆွဲခေါ်ကာထွက်သွား၏။ဝသုံရဲ့သူငယ်ချင်းများကလည်းအလျှိုလျှိုထွက်သွားလေသောကြောင့်ကျန်ခဲ့သည်မှာယိုး..၊ဆွေး..၊ဇိုင်းနဲ့သစ်ခက်။

ရှင်းရှင်းပြောရလျှင်သစ်ခက်သည်မောင်ဆိုသည့်တစ်ယောက်ကိုသိပ်ကြည့်မရတော့ပါ။ဘယ့်နှယ်..မိန်းမကြီးငုတ်တုပ်နဲ့သူများကိုလိုက်နှောင့်ယှက်နေတယ်။

"တိုက်ဆိုင်တယ်နော် ထပ်တွေ့ပြန်ပြီ။"

ယိုးဘက်မှစကားစလိုက်တော့..

လွင့်ပြယ်ခဲ့လေသော..(Short story)Where stories live. Discover now