"မောင်"
တိုးညင်းစွာထွက်သွားသောစကားလုံးလေးတစ်လုံးပေမယ့်တိတ်ဆိတ်နေသောအခန်းတွင်းတွင်မကြားလိုက်ရသူမရှိပါချေ။
သစ်ခက်ခေါင်းထဲရှုပ်ထွေးနောက်ကျိနေသည်။ဝင်လာသည့်မှတ်ဉာဏ်များဟာလည်းများပြားလွန်းသောကြောင့်ထိုအထဲမှဖမ်းယူသိရှိလိုက်ရသည့်နာမ်စားလေးတစ်လုံးဟာမောင်ပါတဲ့။
"မောင်ဟုတ်လား?ဒါ..ဒါဆို သစ်ခက်ကမောင့်ရဲ့သစ်ခက်ပေါ့နော်ဟုတ်လား"
အစကတည်းကယိုးသံသယဝင်နေမိသည်ကအခုတော့မှန်သွားလေပြီ။ယိုးပျော်မိသည်မှာအတိုင်းအဆမဲ့..။
အဟက်..!ဒီကောင်လေးကိုချစ်လို့တော့မဟုတ်ဘူးပေါ့လေ။
ယိုးစုံစမ်းထားသလောက်သိရှိရသည်များမှာသစ်ခက်ညိုဟူသည့်အကြင်သူသည်ကနေဒါနိုင်ငံမှနာမည်ကြီးTop Ten Companyများစာရင်းဝင်ဘေကာလုပ်ငန်းစုမှC.E.O.ဇိုင်းအသူရာ၏သက်ဆိုင်သူဖြစ်နေလေသည်။ဘေကာလုပ်ငန်းစုမှရှယ်ယာအတော်များများကိုလည်းသစ်ခက်ညိုကပိုင်ဆိုင်ထားသေး၏။သစ်ခက်သာသူ့ဆီပြန်လာမည်ဆိုလျှင်ဒီရှယ်ယာများဟာလည်းသူ့လက်ဝယ်ရောက်ရမည်မှာမြေကြီးလက်ခတ်မလွဲ။
အတွေးများဖြင့်ကြိတ်ကာဝမ်းသာနေစဉ်Doctorနဲ့Nurseတစ်ဦးကအခန်းတွင်းဝင်လာခဲ့သောကြောင့်အတွေးစများပြတ်တောက်သွားရသည်။
သေချာစစ်ဆေးကြည့်ပြီးတော့မှစိုးရိမ်စရာအခြေအနေတော့မရှိ၊မနက်ဖြန်လောက်ဆိုဆေးရုံမှဆင်းလို့ရပြီဟုဆိုကာအခန်းတွင်းမြှပန်ထွက်သွားခဲ့သည်။အကြွင်းဆိုသည့်ကောင်လေးကတော့သစ်ခက်အနားတွင်ကျန်ခဲ့လျက်။
"အကြွင်း ငါထိုင်ချင်လို့ လာကူပေးဦး"
ဘေးနားမှာရှိသောကိုဇိုင်းကိုကျော်ကာသူ့ကိုလာကူခိုင်းသောကြောင့်အကြွင်းကြောင်အသွားရသည်။
"မထနဲ့ဦးလေကလေး ခေါင်းထိထားတာကို ခေါင်းကိုက်သွားမယ်"
"မောင်ကူပေးမယ်လေ"
ပြိုင်တူထွက်လာသောအသံနှစ်ခုတွင်တစ်ဦးကတော့သစ်ခက်ဆန္ဒအားဆန့်ကျင်နေပြီးကျန်တစ်ဦးမှာတော့သစ်ခက်ကိုကူပေးမည်တဲ့။
YOU ARE READING
လွင့်ပြယ်ခဲ့လေသော..(Short story)
Short Storyအတိတ်များဟာလွင့်ပြယ်ခြင်းဆီသို့ဦးတည်လျက်... ပစ္စုပ္ပန်နှင့်အနာဂတ်ဟာပိုမိုကောင်းမွန်လာဖို့ရည်ရွယ်ရင်း... Short Story