လွင့်ပြယ်ခဲ့လေသော...(၇)

101 19 2
                                    

*ဒုန်း*

နီးကပ်လှသောအသံတစ်ခုကြောင့်ဇိုင်းသည်ဖုန်းမှအာရုံများကိုလွှဲကာထိုနေရာဆီအာရုံစုမိတော့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ခေါင်းထဲပူထူသွားရပြီးဖုန်းဟာလည်းလက်ထဲမှလွတ်ကျသွား၏။

ထို့နောက်ဘာကိုမှဂရုမစိုက်နိုင်ဘဲထိုနေရာသို့သာအပြေးသွားပြီးလဲကျနေသောကလေးကိုသာရသ်ခွင်ထဲဆွဲပွေ့လိုက်သည်။ကလေးငယ်ကယ်ဆယ်လိုက်သောကောင်မလေးကတော့လန့်သွားသည်ထင်ရဲ့။ဘေးနားတွင်ထိုင်ငိုနေလေသည်၊သို့သော်ဇိုင်းနားထဲတွင်ဘာကိုမှမကြားနိုင်။သူသိသည်ကကလေးကိုဆေးရုံအမြန်ပို့ရမည်။ဟုတ်တယ်..ဆေးရုံ..ဆေးရုံ..။

တစ်ဖက်မှအကြွင်းလည်းရုတ်တရက်ဆန်လွန်းသောအဖြစ်အပျက်မို့ကြောင်အနေပြီးမှအပြေးအလွှားသစ်ခက်ဆီရောက်လာသည်။လွန်ခဲ့သောငါးမိနစ်ခန့်ကထိသူနှင့်စဟယ်နောက်ဟယ်ရှိနေသောသူငယ်ချင်းဟာခုတော့အသိစိတ်ကင်းလွတ်လျက်မေ့မြောနေသည်။

"ဖုန်း..ဖုန်း..ညီကြွင်း..ဆေးရုံကိုဖုန်းဆက်။Ambulanceခေါ်ပေးပါ "

"ဟုတ် ဟုတ်ကဲ့"

လက်ကတုန်ယင်နေသောကြောင့်သေချာနှိပ်ကာခေါ်လိုက်ရသည်။

ခဏအကြာတွင်တော့ဆေးရုံကားများရောက်လာပြီးထိခိုက်ဒဏ်ရာရရှိထားသူများနှင့်ကလေးမလေးကိုပါခေါ်ဆောင်သွားခဲ့ပြီ။ဇိုင်းကတော့ကလေးကိုတစ်ယောက်တည်းမလွှတ်လိုက်နိုင်ဟုဆိုကာAmbulanceပေါ်တွင်လိုက်သွား၏။အကြွင်းဟာလည်းကိုဇိုင်းရဲ့ကားကိုယူကာambulanceများနောက်သို့လိုက်ခဲ့တော့သည်။

မကြာမီအချိန်အတွင်း၌အခင်းဖြစ်ပွားရာနေရာတွင်လူများမရှိတော့ဘဲရှင်းလင်းသွားချေပြီဖြစ်သည်။

***************
ကလေးရဲ့ဘေးနားမှဇိုင်းလုံးဝမခွာဘဲစောင့်နေသည်။အကြွင်းကလည်းလူနာခန်းထဲတွင်ရှိနေ၏။နှစ်ယောက်လုံး၏မျက်နှာများမှာတော့အပူရိပ်များနှင့်စိုးရိပ်ခြင်းတို့ယှက်သန်းလွှမ်းခြုံလျက်...။

ထိုအခိုက်တံခါးခေါက်သံကင်းမဲ့စွာအလျင်စလိုတံခါးကိုဆွဲဖွင့်လိုက်သူကယိုးဖွဲ့မောင်...။

လွင့်ပြယ်ခဲ့လေသော..(Short story)Where stories live. Discover now