•Zero•

2.8K 194 57
                                    

UNICODE


တဖွဲဖွဲဖြင့် မစဲသေးသည့် မိုးသံတွေနဲ့အတူ ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားချက်ကြောင့် အငွေ့မသေသေးသည့် ကော်ဖီကို အသာမှုတ်ရင်း ဖြည်းဖြည်းချင်း အရသာခံကာ သောက်နေလိုက်သည်။ လက်ထဲက စာရွက်စာတမ်းတွေကို စားပွဲပေါ်သို့ ပစ်ချလိုက်ရင်း မတ်တပ်ရပ်လိုက်ကာ အိမ်ရှေ့ကို ပြတင်းပေါက်မှတဆင့် ကြည့်နေမိသည်။ အကြောဆန့်လိုက်ရင်း ဟိုကြည့်သည်ကြည့်ဖြင့် ပြတင်းပေါက်နား၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်သည်။

" မင့်ယောက်ျား ပြန်မလာသေးဘူးလား သားကြီး ? "

" ဟုတ်တယ် မေမေ၊ ဒီနေ့လည်း နောက်ကျမယ်လို့ပြောသွားတယ်။ "

" ဟင်းးးမ်! နေ့တိုင်းနီးပါး အိမ်ပြန်နောက်ကျနေတာကတော့ မဟုတ်သေးပါဘူးကွယ်။ လူလွတ်လည်း မဟုတ်ဘဲ ခင်ပွန်းရှိနေတဲ့သူက ပတ်ဝန်းကျင်ကို သတိထားရမှာပေါ့။ "

မေမေက ထိုမျှသာပြောပြီး သက်ပြင်းချကာ ခေါင်းတခါခါဖြင့် အခန်းထဲသို့ ဝင်သွားလေ၏။ သူကတော့ ဘာမှမပြောနိုင်။ အလုပ်ကြောင့် အမြဲလိုလို အိမ်ပြန်နောက်ကျနေတာတွေကို အပြစ်လည်း မဆိုနိုင်ပါ။

ခြံရှေ့က အရိပ်လေးကိုမြင်တော့ အိမ်တံခါးကို အသင့်ဖွင့်ပေးထားလိုက်သည်။ မိုးရေ စိုလာပြီထင်သည်။ အခန်းထဲသို့ အပြေးဝင်ပြီး တဘက်တစ်ထည်ကို ယူလာလိုက်ကာ ဝင်လာမည့်သူကို စောင့်နေလိုက်သည်။

" ပြန်လာပါပြီ။ "

" ခေါင်းတွေအရင်သုတ်ရအောင်။ "

မိုးက ခပ်ဖွဲဖွဲမို့ အဝတ်အစားတွေတော့ မစို။ ဆံပင်တွေကတော့ မိုးစက်တွေကြောင့် မဆိုသလောက် စိုနေ၏။

" မိုးစက်လေးတွေပါပဲ။ မသုတ်လည်းရပါတယ်။ "

" မဖြစ်ဘူး၊ သုတ်ရအောင်။ မိုးစက်ကလည်း မိုးရေပဲလေ။ ခေါင်းကိုက်တာတွေ မဖြစ်အောင် သုတ်မှရမယ်။ ရေအရင်သွားချိုးပြီး ထွက်လာခဲ့။ ကိုယ်စောင့်နေမယ်နော်။ "

မနိုင်တော့တဲ့အဆုံး ပြုံးလျက်သားဖြင့် အခန်းထဲသို့ ဝင်သွားသည့်သူကြောင့် ဟီဆွန်း ခပ်သဲ့သဲ့ ပြုံးလိုက်မိသည်။ မိုးရေမိလာတဲ့ ကြောင်ပေါက်လေးကျလိုမျိုး ချစ်စရာကောင်းလွန်းနေတာ မဟုတ်ဘူးလား။ အလုပ်ခွင်ထဲ အတည်တကျနှင့် ခြေချနေပြီဖြစ်သော်လည်း သူ့မျက်လုံးထဲမှာတော့ စတင်တွေ့ဆုံခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား လူအေးလေးလို့သာ မြင်ယောင်နေမိဆဲပင်။

𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now