•Four•

758 158 38
                                    

UNICODE


" သူ့စီနီယာတွေထဲက ဖြစ်မှာပေါ့။ မမကြီးလည်း သိရဲ့သားနဲ့။ ဂျောင်ဝန်းက ဆိုရှယ်လိပ်ပြာလေးလေ။ ဘယ်လိုလူမျိုးနဲ့မဆို ပေါင်းတတ်သင်းတတ်ပြီး ဘုကလန့်လည်း မနိုင်ဘူး။ "

နောက်ဆုံးတစ်ခွန်းကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တော့ မဲ့ကျသွားတဲ့ မမကြီးရဲ့မျက်နှာ။ မဲ့သွားရုံမကလို့ ပြာကျသွားလည်း မတတ်နိုင်ဘူး။ ဂျောင်ဝန်းနဲ့ပတ်သက်ရင် စိတ်ကောင်းမထားပေးနိုင်ကြတဲ့ သူတို့ကသာ လွန်လွန်းသည် မဟုတ်လား။

" အေး၊ မမကြီးပြောတာကို မယုံလည်းနေပေါ့။ ငါတို့က တစ်ခါတလေ တွေ့တာဆို မပြောလိုဘူး။ အခုဟာက ခဏခဏ တွေ့နေရလို့ဟေ။ အဲ့လူနဲ့ မင့်ဟာလေးကို အပြင်မှာ တွဲတွေ့နေရတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကျော်လောက်တုန်းဆို မုန့်ဆိုင်ထဲမှာ စကားများနေကြတာ။ ဘာတွေပြောနေလဲတော့ မသိပေမဲ့ ရင်းရင်းနှီးနှီးနဲ့ကို ရန်ဖြစ်နေကြတာ။ မင်းကတော့ အဆုံးထိသာ မျက်လုံးစုံမှိတ်နေလိုက်။ လာ မမကြီး၊ သွားရအောင်။ "

မမလတ်က စကားအကုန်ပြောပြီး မမကြီး၏လက်ကို ဆွဲကာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ထွက်သွားသည်။ မေမေတို့ကို ကြည့်လိုက်တော့ ဘာမှမပြော။ မယုံပါဘူး။ မမကြီးတို့ ဘယ်လိုလာပြောပြော လုံးဝမယုံဘူး။ ဂျောင်ဝန်းက ဘယ်လိုကောင်လေးမျိုးလဲဆိုတာကို သူသာ အသိဆုံး။ သည်လို ကောလဟာဟတွေကို ဖြန့်တတ်လွန်းတဲ့ မမကြီးတို့အကြောင်းကိုလည်း နောကျေနေတာမို့လေ။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်လွန်းသည်။

" ဂျောင်ဝန်းက အနေတည်ပေမဲ့ လိမ္မာတဲ့ကလေးပါ။ "

ရုတ်တရက်ကြီး ပြောပြီး ထွက်သွားတဲ့ အဖေဖြစ်သူကြောင့် အစပိုင်းမှာ ကြောင်အသွားသည့် ဟီဆွန်းက ခဏနေတော့ ပြုံးလိုက်မိသည်။ ဟီဆွန်းတင်မဟုတ်။ မိဘတွေကလည်း ဂျောင်ဝန်းကို ရာနှုန်းပြည့် ယုံကြည်သည့်သဘော။ တကယ်လည်း လိမ္မာတဲ့ကောင်လေးလေ။

~°~

" အဲ့ဟိုတယ်လ်က သားသားနာမည်နဲ့တဲ့။ ကုမ္ပဏီကိုလည်း သားသားနာမည်နဲ့ပြောင်းမယ်လို့ ပြောသေးတယ်။ "

𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now