•Six•

755 148 26
                                    

UNICODE

" ဘာစားချင်လဲ။ ဘယ်ဆိုင်သွားကြမလဲ။ သွားနေကျ ဆိုင်ပဲ သွားကြမလား ? "


ပုံမှန်အတိုင်း အေးအေးဆေးဆေး ပြောနေတဲ့ ဟီဆွန်းကို ဂျောင်ဝန်း ဘာမှပြန်မပြောမိဘဲ ငေးသာ ငေးကြည့်နေမိသည်။



" ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား ဂျောင်ဝန်း ? "



စိတ်ဆိုးနေတဲ့အကြောင်းတောင် ဂျောင်ဝန်းရဲ့အသိထဲမှာ မေ့သွားရသည်။ ဂိုယန်းရှစ်နဲ့ပတ်သက်ပြီး ဟီဆွန်း ဘယ်လိုပြောလာမလဲဆိုတာကိုသာ ရင်တထိတ်ထိတ်ဖြင့် စောင့်နေမိတာဆို ပိုမှန်လိမ့်မည်။ အမှားလုပ်ထားတယ် မဟုတ်ပေမဲ့ ဖုံးကွယ်ထားမိတာတွေကြောင့် ကြောက်မိတာတော့ အမှန်ပင်။



" နေမကောင်းလို့လား ? မျက်နှာကလည်း နည်းနည်း ဖြူ ဖျော့နေသလိုပဲ။ "



နဖူးနဲ့ပါးနှစ်ဖက်ကို ကျကျနန စမ်းကာ မေးလာတဲ့ ဟီဆွန်းရဲ့လက်တွေကို ဂျောင်ဝန်းက ဆွဲယူလိုက်ပြီး သူ့လက်တွေနဲ့အတူ ဆုပ်ကိုင်ထားသည်။




" ကျွန်တော် အစ်ကို့ကို အကြာကြီး စိတ်မဆိုးနိုင်တာ သိတယ်မလား ? "


" ကိုယ်ကလည်း ဂျောင်ဝန်းကို ယုံတယ်ဆိုတာ သိတယ်မလားဟင်။ "



သူ့နည်းတူ ပြန်ပြောလာတဲ့ ဟီဆွန်းရဲ့စကားက ဘယ်အရာကို ရည်ညွှန်းမှန်း ဂျောင်ဝန်း သဘောပေါက်တာမို့ ခေါင်းညိတ်ပြလိုက်မိသည်။ ပထမဆုံးနဲ့နောက်ဆုံးအချစ်မို့ ဆုံးရှုံးရမှာ ကြောက်လွန်းပေမဲ့ ဂျောင်ဝန်းရဲ့ကိုယ်ကျင့်တရားကို ယုံပေးရမည်။ ဂျောင်ဝန်းက ဘယ်လိုလူမျိုးလဲဆိုတာ ဟီဆွန်း အသိဆုံး မဟုတ်ပါလား။


" ကျွန်တော် လုပ်ကြံခံရတဲ့ကိစ္စက ဂိုယန်းရှစ်နဲ့ မဆိုင်ပါဘူး အစ်ကို။ "



ဟီဆွန်းဘက်က ဂိုယန်းရှစ်နဲ့ပတ်သက်ပြီး ဘာမှမပြောသော်လည်း မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ ဂိုယန်းရှစ်အပေါ်မှာ သံသယဖြစ်နေလား၊ သည်အတိုင်းပဲလားဆိုတာကို ဂျောင်ဝန်း တပ်အပ်သိသည်။


" ဂိုယန်းရှစ်နဲ့ပတ်သက်ပြီး ကိုယ် မစုံစမ်းချင်တော့ဘူး ဂျောင်ဝန်း။ အဲ့တာကြောင့် မင်းဘက်က ထုတ်ပြောလာမဲ့အချိန်အထိ ကိုယ်စောင့်မယ်။ "



𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now