•Nine•

609 136 29
                                    

UNICODE


" အခုရက်ပိုင်း ရှေ့နေအီလည်း လာမကြိုပါလား ? "


" မဟုတ်ဘူး၊ အစ်ကိုက တစ်ခါတလေမှ လာကြိုတာ။ သူလည်း အိမ်ပြန်နောက်ကျတယ်။ "




ယန်းရှစ်က ခေါင်းတညိတ်ညိတ်လုပ်ပြီး ...



" အဲ့တာဆို ဒီနေ့ကစပြီး ဟျောင်း လိုက်ပို့ပေးမယ်။ "



" ဟင် ? ဘာလို့လဲ ? ကျွန်တော့်ဘာသာ ပြန်လည်း အဆင်ပြေပါတယ်။ "





" ညဘက်တွေ တစ်ယောက်တည်း မပြန်နဲ့တော့။ စိတ်မချဘူး။ ပြောစကားနားထောင်။ "





ပြန်ပြောဖို့ လုပ်လိုက်ပေမဲ့ အခန်းထဲသို့ ဝင်လာကြသည့် သူတွေကြောင့် ဆက်မပြောဖြစ်လိုက်။ တစ်ယောက်တည်း ပြန်လည်း အဆင်ပြေနေတာပဲကို။ မကြိုက်ဘူးဟူ၍ မဟုတ်သော်လည်း မိမိကြောင့် အလုပ်မပိုစေချင်ရုံသာ။ လိုက်ပို့ပေးမယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ လက်ခံရုံပဲပေါ့။

--

" ကျွန်တော့်ဆီမလာနဲ့တော့လို့ ပြောနေတယ်လေ။ ဒီလိုဆက်လုပ်နေမယ်ဆိုရင် အားလုံးအတွက် အဆင်မပြေဖြစ်လိမ့်မယ် ဟျောင်းရဲ့။ "




သူဘာပြောပြော ဟီဆွန်း၏နားထဲ တစ်လုံးမှ ဝင်မှာမဟုတ်ဘူးဆိုတာ သိပေမဲ့ မပြောလို့လည်း မဖြစ်ပေ။ ဟီဆွန်းက အတော်လေး ခေါင်းမာသည်။ ထို့ကြောင့်လည်း ထယ်ဟျောန်းအတွက် ခက်ခဲနေရခြင်းပင်။




" ကျွန်တော့်ကို အာရုံမစိုက်ပါနဲ့တော့။ "





ဆက်ပြောနေလည်း ထူးမှာမဟုတ်တာကြောင့် ထွက်လာဖို့သာ တွေးမိသည်။ အတွေးက မအောင်မြင်လိုက်။ လက်ကို အားပြင်းပြင်းနဲ့ ဆောင့်ဆွဲလိုက်တာကြောင့် အနာက ပြန်နာလာ၏။ မအော်မိအောင်တော့ သတိထားရသည်။ အော်လိုက်မိပါက ဟျောင်း၏ဒေါသကို ပိုဆွပေးသလို ဖြစ်သွားမှာ အသေအချာပဲ။




" နာတယ်မလား ? "



သိရဲ့သားနဲ့ လက်က ဒဏ်ရာကို တမင်ဖိထားကာ မေးလာတဲ့ ဟီဆွန်းကို ထယ်ဟျောန်း အကြည့်လွှဲလိုက်မိသည်။ ဟီဆွန်းက အဆုံးထိ သွားရန် တွေးထားသည် ထင်ပါ၏။ ထယ်ဟျောန်းကတော့ ဟီဆွန်းကို လက်လျှော့စေချင်သည်။




𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now