• UNICODE •
" ဘာရယ်တာလဲ ? "
" အသည်းယားစရာကောင်းလို့ "
သူ့လက်ထဲ မြုပ်နေတဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်း ဖျစ်ညှစ်ရင်း ပြောလာသည့် စကားသံထဲဝယ် ဘယ်လောက်ထိ အသည်းယားနေမှန်း သိသာသည်။ သူ့ပုံစံကို စွေကြည့်ရင်း ဂျောင်ဝန်းက သဘောတကျရယ်သည်။
" ဒီညတော့ သိပ်မအေးဘူးထင်တာပဲ။ "
တွဲထားတဲ့လက်တွေကို ကုတ်၏အိတ်ကပ်ထဲ ထည့်ရင်း ဟီဆွန်းက ဆိုပြန်သည်။ ဂျောင်ဝန်း၏ခေါင်းလုံးလုံးလေးက သူ့ထက် မြင့်သော ပခုံးဆီသို့ ရောက်သွားပြီး ကောင်းကင်ကို မော့ကြည့်သည်။ ကောင်းကင်က ပကတိ ကြည်လင်နေသလို မိုးလည်း မရွာတော့တာကြာပြီ။
" နောက်လကုန်ရင် ခရီးသွားကြမလား ? နှစ်ယောက်တည်း "
" မေမေတို့ကိုပါ ခေါ်ရအောင်လေ။ သူတို့လည်း ခရီးရှည်မသွားရတာကြာပြီမလား။ "
ဟီဆွန်းက ခေါင်းတွင်တွင်ခါပြလာသည်။ ဂျောင်ဝန်း မှီထားရာကနေ ခွာလိုက်ပြီး ခေါင်းခါပြလာသည့်သူကို မျက်မှောင်ကြုံ့ကာ မျက်နှာချင်းဆိုင် ကြည့်လိုက်မိသည်။
" နောက်မှပေါ့၊ ကိုယ်တို့ အရင်ဆုံး သွားပြီးမှ မေမေတို့ကို လိုက်ပို့ပေးကြမယ်လေ။ နှစ်ယောက်တည်း သာသာယာယာ သွားကြရအောင်။ ဟန်းနီးမွန်း ပြီးကတည်းက ခရီးရှည်မသွားဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ "
လေသံအေးအေးက နောက်ဆုံးနားမှာတော့ အနည်းငယ် ဆူအောင့်သွားသယောင်။ နှုတ်ခမ်းပါးတို့ကလည်း မဆိုသလောက် အရှေ့ထွက်လာတာကို ဂျောင်ဝန်း သတိထားမိသည်။
အလုပ်ကြမ်းပိုးနှစ်ယောက် လက်ထပ်မိတော့ ဟန်းနီးမွန်း ပြီးကတည်းက ခရီးရှည် မသွားဖြစ်။ ခရီးတိုတွေတော့ သွားဖြစ်ပါသည်။ အခုနောက်ပိုင်းမှသာ ဂျောင်ဝန်းက ဟီဆွန်းကို အချိန်ပေးလာတာဖြစ်သည်။ ဟီဆွန်းကတော့ မအားသော်ငြား ရသလောက် အချိန်ဖဲ့ပေးတတ်သည်။
" အင်းပါ၊ သွားကြတာပေါ့။ နောက်လကုန်တာနဲ့ အစ်ကို သွားချင်နေတဲ့နေရာကို သွားကြမယ်။ "
YOU ARE READING
𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻
Fanfiction" 𝖧𝗂, 𝖨'𝗆 𝗒𝗈𝗎𝗋 𝖴𝗇𝗄𝗇𝗈𝗐𝗇 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃