•Ten•

627 144 48
                                    

UNICODE




" အဆင်ပြေပါတယ်လို့ ပြောနေတာတောင် ဘာလို့ ထပ်ခါတလဲ လာမေးနေရတာလဲ ယန်းဂျောင်ဝန်း ?!! "

အော်သံဆုံးတာနဲ့ ဂျောင်ဝန်း၏ကိုယ်ငယ်သည် သိသိသာသာ တုန်တက်သွားသည်။ လက်သီးကို ကျစ်နေအောင် ဆုပ်ထားတဲ့ တစ်ဖက်လူ၏အသက်ရှူ သံကလည်း ပြင်းလှသည်။

" ယန်းဂျောင်ဝန်းဟုတ်လား ? အီဂျောင်ဝန်း မဟုတ်တော့ဘူးလား အစ်ကို။ "

" ကျေးဇူးပြု ပြီး ဘာမဟုတ်တာလေးတွေကိုပါ အစအန ကောက်နေတာတွေ ရပ်ပေးနိုင်မလား ? ပင်ပန်းလိုက်တာ။ "

သပ်သပ်ရပ်ရပ် ခွဲထားတဲ့ ဆံပင်တွေကို ပုံပျက်အောင်အထိ ဆွဲဖွပစ်လိုက်သည့် ဟီဆွန်းကို ဂျောင်ဝန်းမှာ အတွေးပေါင်း မြောက်မြားစွာဖြင့် ကြည့်နေမိရုံသာ။ ဟီဆွန်း ဘာဖြစ်နေသလဲဆိုတာကို သူသိချင်သည်။ ဘာကြောင့် အခုလိုဖြစ်နေတာလဲဆိုတာကိုပါ သိချင်မိသေး၏။ သူသိတဲ့ အီဟီဆွန်းနဲ့ လားလားမျှ မသက်ဆိုင်တော့ဘူးဆိုသည့် ခံစားချက်က အချိန်နဲ့အမျှ ကြီးထွားလာသည်။

" ဒါက ဘယ်သွားမလို့လဲ ? "

အခန်းထဲမှ ထွက်ဖို့ပြင်နေတဲ့ ဟီဆွန်းက သူ့ကို လှည့်မကြည့်လာဘဲ တိုတိုတောင်းတောင်း ပြန်ဖြေသည်။

" တခြားအခန်းမှာ သွားအိပ်မလို့။ "

" ဟက် !! "

ဂျောင်ဝန်းဆီမှ ထွက်လာသည့် ခြောက်ကပ်ကပ် ရယ်သံကို ဟီဆွန်းက မျက်ကွယ်ပြုဖို့ ကြိုးစားသည်။ သူ့လက်ကို အကြမ်းပတမ်း ဆွဲလာတဲ့ ဂျောင်ဝန်းက သူ့ထက် ပြတ်သားသည့် စကားတစ်ခွန်းကို ပြောကာ အခန်းထဲမှ ထွက်သွား၏။

" ဒီအစ်ကို့အိမ်မို့ ဒီအခန်းကိုလည်း အစ်ကိုပဲပိုင်တယ်။ "



" ဂျောင်ဝန်းက ညဘက်ကြီး ဘယ်ကို ထွက်သွားတာလဲ သားငယ် ?! "

အခန်းရှေ့ကနေ ပြူးပြူးပြာပြာဖြင့် အော်မေးလာသည့် မိခင်ဖြစ်သူကြောင့် ဟီဆွန်းသည် အသံတိတ် စုပ်သပ်မိသည်။ သူတို့ရန်ဖြစ်တိုင်း သူ(မ)က အမြဲလိုလို အနားမှာရှိနေတတ်၏။ ရန်ဖြစ်ပြီးတာနဲ့ အခုလို အပြေးရောက်လာတတ်ပြီး ပြေရာပြေကြောင်း ဝင်၍ ဖျန်ဖြေပေးတတ်သည်။ သို့သော် ယခုတစ်ခါတော့ အရင်ကလို ဖြစ်မည်မထင်ပါ။

𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now